ကတ်တလိုနီယာမှာ ခွဲထွက်ရေးဝါဒီ နောက်တစ်ဦး အစိုးရ ဖြစ်လာပြန်ပြီ

catalan_parliament_independece ဓာတ်ပုံ မူပိုင် Getty
Image caption ၁၈ လ အတွင်း သီးခြား လွတ်လပ်ရေး အရယူမယ်။

စပိန် နိုင်ငံ ထဲက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ကတ်တလိုနီယာ ရဲ့ အစိုးရ အကြီးအကဲ နေရာ မှာ ခွဲထွက် ရေး ဝါဒီ နောက် တစ်ဦး ဖြစ်တဲ့ ကားလက်စ် ပူဂျ်ဒမော်န်း ကို ဒေသလွှတ်တော် က အတည်ပြု ခန့်အပ် လိုက်ပြီ ဖြစ်ပါတယ်။

မစ္စတာ ပူဂျ်ဒမော်န်း က ရှိလက်စ ခွဲထွက် ရေး လုပ်ငန်းစဉ် ဖြစ်တဲ့ ၁၈ လ အတွင်း သီးခြား လွတ်လပ်ရေး အရယူမယ့် အပေါ် သူ့ အနေနဲ့ လက်ခံ လိုက်နာပြီး၊ တွန်း လုပ် ဆောင် သွားမယ် လို့ ဆိုပါတယ်။

သီးခြား လွတ်လပ် ရေး အရယူ ဖို့ ထောက်ခံကြတဲ့ ကတ်တလိုနီယာ ပါတီ တွေ အကြား ညွန့်ပေါင်း အစိုးရ တစ်ရပ် ဖွဲ့ဖို့ သဘော တူညီချက် တစ်ရပ်ကို ပြီးခဲ့တဲ့ စနေနေ့က အရ ယူ နိုင် ခဲ့ကြ ပါတယ်။

အဲဒီ့ သဘောတူ ညီမှု အရ၊ လက်ရှိ ခွဲထွက်ရေး အစီအစဉ် ကို ချမှတ် ခဲ့တဲ့ အတွား မားစ် တစ်ယောက် အစိုးရ အကြီး အကဲ နေရာက ဖယ်ပေး ခဲ့ရပါတယ်။

ဒီ အချိန်မှာပဲ စပိန် ဝန်ကြီးချုပ် မာရီယားနိုး ရခွိုင်း က တော့ စပိန် ပြည် ပြိုကွဲမှာ၊ အချုပ်အခြာ ထိခိုက် မယ့် ဘယ် လုပ်ရပ် မျိုး ကိုမဆို စပိန် ဗဟို အစိုးရက ခွင့်ပြု မှာ မဟုတ်ဘူး ဆိုပြီး ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ