တားမြစ်ဆေးသုံးမှု ဆန့်ကျင်ရေးအဖွဲ့ရဲ့ အစီရင်ခံစာ ထွက်လာ

_lamine_diack_iaaf_ ဓာတ်ပုံ မူပိုင် Getty
Image caption IAAF ရဲ့ ဥက္ကဌဟောင်း လာ့မီန်း ဒက် ဟာ အဖွဲ့ချုပ် အတွင်း မှာ အကျင့်ပျက် မှု နဲ့ ပူးပေါင်း ကြံစည်မှု တွေ ဖြစ်ပေါ် အောင် ပြုလုပ် ခဲ့သူ ဖြစ်တယ် ဆိုပြီး WADA အဖွဲ့ ရဲ့ အစီရင် ခံစာ ထဲ ရေးသား ထားပါတယ်။

အားကစား သမားတွေ တားမြစ်ဆေး သုံးစွဲမှု ကို နိုင်ငံတကာ ပြေးခုန်ပြစ် အဖွဲ့ချုပ် IAAF က သိသိနဲ့ ဖုံးကွယ် ပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲ ချက် အပါအဝင်၊ လက်ရှိ အဖမ်းခံထားရတဲ့ အဖွဲ့ချုပ် ဥက္ကဌ ဟောင်း Lamine Diack အပေါ် ပြစ်တင် ဝေဖန် ထားတဲ့ အစီရင် ခံစာ တစ်စောင် ကို တားမြစ်ဆေးဝါး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့ WADA အဖွဲ့ က ထုတ်ဝေ လိုက်ပါတယ်။

အဲဒီ့ အစီရင်ခံစာ ထွက်လာပြီး တဲ့ နောက် IAAF ရဲ့ လက်ရှိ ဥက္ကဌ Sebastian Coe က၊ IAAF အနေနဲ့ ယုံကြည်ရတဲ့ အဖွဲ့အစည်း တစ်ရပ် အဖြစ် ပြန်လည် အသိအမှတ် ပြု ခံရနိုင် ဖို့ အတော် ကြိုးစား ရ ဦးမယ်ဆိုပြီး ပြောပါတယ်။

IAAF ရဲ့ ဥက္ကဌဟောင်း လာ့မီန်း ဒက် ဟာ အဖွဲ့ချုပ် အတွင်း မှာ အကျင့်ပျက် မှု နဲ့ ပူးပေါင်း ကြံစည်မှု တွေ ဖြစ်ပေါ် အောင် ပြုလုပ် ခဲ့သူ ဖြစ်တယ် ဆိုပြီး WADA အဖွဲ့ ရဲ့ အစီရင် ခံစာ ထဲ ရေးသား ထားပါတယ်။ ကစားသမားတွေ တားမြစ်ဆေးဝါး သုံးစွဲမှု အပေါ် ဖုံးကွယ် ပေး ခဲ့တာ တွေ နဲ့ ပတ်သက်ပြီး မစ္စတာ ဒက် အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ သိရှိသူ တစ်ဦးဖြစ်တယ် ဆိုပြီး တော့လည်း အဲဒီ့ အစီရင်ခံစာ ထဲမှာ ဖော်ပြ ထားပါတယ်။

မစ္စတာ ဒက် ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက ပြင်သစ် နိုင်ငံမျာ ဖမ်းဆီးပြီး ပုဒ်မ တွေတပ် အရေးယူ ထားပါတယ်။

ပြေးခုန်ပစ် ကစားသမားတွေ ကြားထဲမှာ တားမြစ်ဆေး သုံးစွဲမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် နေတာကို IAAF ရဲ့ အုပ်ချုပ်ရေး ကောင်စီ တစ်ခုလုံးလည်း သိရှိမှာ ဖြစ်တယ် ဆို ပြီးတော့လည်း WADA ရဲ့ အစီအရင်ခံစာ က ဆိုပါတယ်။

WADA ရဲ့ အစီအရင်ခံစာ ကို ကြည့်ရင် လာ့မီန်း ဒက်ရဲ့ သား ဖြစ်သူ Papa Massata Diack တစ်ယောက် လည်း မသမာမှု တွေ မှာ ပါဝင် ပတ်သက်မှု ရှိခဲ့တယ် ဆိုပြီး အဓိပ္ပာယ် သက်ရောက် နေစေပါတယ်။

အဲဒီသူကိုလည်း ပြင်သစ် အာဏာပိုင်တွေက လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်မှု တွေ နဲ့ ဖမ်းဝရမ်း ထုတ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ