အနောက်အာဖရိကမှာ Ebola ကူးစက်မှု ကင်းစင်လို့ WHO ပြော

ဓာတ်ပုံ မူပိုင် AFP
Image caption အီဘိုလာ ရောဂါ ဖြစ်ပွား မှုကြောင့် လူပေါင်း တစ်သောင်း တစ်ထောင်ကျော် သေဆုံး ခဲ့ရ

အနောက် အာဖရိက နိုင်ငံတွေမှာ ဖြစ်ပွား နေတဲ့ အီဘိုလာ ကူးစက်ရောဂါ ကင်းစင် ခဲ့ပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ကြေညာလိုက်ပါတယ်။

အီဘိုလာ ကူးစက်ရောဂါ ဖြစ်ပွားမှု နှုန်း အမြင့်မားဆုံး နိုင်ငံထဲက တစ်နိုင်ငံ ဖြစ်တဲ့ လိုက်ဘေးရီးယား နိုင်ငံမှာ လွန်ခဲ့တဲ့ တစ်လ အတွင်း မှာ အီဘိုလာ ရောဂါ ကူးစက်မှု ဆက်လက် ဖြစ်ပွားခဲ့ခြင်း မရှိဘူးလို့ WHO က ပြောကြား ပါတယ်။

နောက်ထပ် ရောဂါ ကူးစက်မှု မြင့်မားတဲ့ နိုင်ငံတွေ ဖြစ်တဲ့ ဆီရီယာလီယွန်နဲ့ ဂီနီ နိုင်ငံတွေမှာတော့ ပြီးခဲ့တဲ့ လက အီဘိုလာ ကင်းစင် ခဲ့ပြီ ဖြစ်ကြောင်း ကြေညာ ထားခဲ့ပါတယ်။

WHO အဖွဲ့ကြီးရဲ့ တာဝန် ရှိသူ တစ်ဦး ဖြစ်တဲ့ Rick Brennan က အီဘိုလာ ရောဂါ ကူးစက်မှု ထိန်းသိမ်းရေး အလုပ်တွေက မပြီးသေးဘဲ ရောဂါ ကူးစက်ခံခဲ့ရတဲ့ လူနာတွေကို ကုသ နေရဆဲ ဖြစ်တာကြောင့် ကူးစက်မှု ပြန်လည် ဖြစ်ပွား နိုင်တဲ့ အလားအလာတွေ ရှိနေဆဲ ဖြစ်တယ်လို့ ပြောကြား ခဲ့တာဖြစ်ပါတယ်။

အနောက် အာဖရိက နိုင်ငံတွေမှာ အီဘိုလာ ရောဂါ ဖြစ်ပွား မှုကြောင့် လူပေါင်း တစ်သောင်း တစ်ထောင်ကျော် သေဆုံး ခဲ့ရပါတယ်။

ရောဂါ ကူးစက် ခံထားရတဲ့ လူပေါင်း တစ်သောင်း ခုနှစ်ထောင် ကို ဆေးဝါး ကုသမှု ပေးနေဆဲ ဖြစ်ပြီး ထောင်နဲ့ချီတဲ့ မိဘမဲ့ ကလေး သူငယ်တွေကို ပြုစု စောင့်ရှောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကျန်ရှိနေဆဲ ဖြစ်တယ်လို့ WHO အဖွဲ့ကြီးက ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ