ဆိုမာလီယာ စစ်စခန်းကို အယ်လ်ရှာဘတ်တွေ သိမ်း

ဓာတ်ပုံ မူပိုင် AFP
Image caption ဆိုမာလီယာမှာ ရှိတဲ့ အာဖရိက သမဂ္ဂ တပ်ဖွဲ့တွေကို ကုလ ကျောထောက် နောက်ခံပေးထားတဲ့ အစိုးရက ထောက်ပံ့ထား။

ကင်ညာ နိုင်ငံနဲ့ နယ်စပ်အနီး၊ ဆိုမာလီယာ တောင်ပိုင်းမှာ ရှိတဲ့ အာဖရိက သမဂ္ဂရဲ့ စစ်အခြေစိုက် စခန်း တစ်ခုကို အယ်လ်ရှာဘတ် အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့က သိမ်းယူ လိုက်တယ်လို့ ပြောပါတယ်။

အာဖရိက သမဂ္ဂရဲ့ ဆိုမာလီယာ သံအဖွဲ့ကတော့ သူတို့ တပ်ဖွဲ့တွေ တိုက်ခိုက် ခံရတာ ဟုတ်မှန်ပေမယ့် အခြေစိုက် စခန်းကို စစ်သွေးကြွတွေ သိမ်းလိုက်တယ် ဆိုတာကိုတော့ ငြင်းဆို ပါတယ်။

El Adde မြို့က ဒေသခံတွေက စစ်သွေးကြွတွေရဲ့ လက်ချက်ကြောင့် ကင်ညာ တပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးတယ်လို့ ပြောပါတယ်။

အယ်လ်ရှာဘတ် အဖွဲ့ကတော့ ကင်ညာ တပ်ဖွဲ့ဝင် ၆၀ ကျော်လောက်ကို သူတို့ သတ်ဖြတ် ခဲ့ပြီး မော်တော်ယာဉ် တွေနဲ့ လက်နက်တွေကို သိမ်းယူ ခဲ့တယ်လို့ ဆိုပါတယ်။

အယ်လ်ရှာဘတ် အဖွဲ့ဟာ အဲဒီ ဒေသအတွင်းက အရေးပါတဲ့ မြို့ အတော်များများကို လက်လွှတ် ခဲ့ရပြီး နောက်ပိုင်း အခု လအနည်းငယ် အတွင်းမှာ ဆိုမာလီ ဘက်ခြမ်းက စစ်စခန်းတွေကို တိုက်ခိုက် နေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ