အီရန်နဲ့ ဆက်ဆံရေး အခင်းအကျင်းသစ်ကို အိုဘားမား ကြိုဆို

_obama_iran ဓာတ်ပုံ မူပိုင် The White House
Image caption အီရန် အနေနဲ့ နျူကလီယာ လက်နက် မပိုင်ဆိုင် နိုင်ဖို့လည်း သေချာ စေခဲ့တယ်။

အီရန်နိုင်ငံ အပေါ် ချမှတ် ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့မှု တွေ ရုတ်သိမ်းသွားပြီး နောက်တစ်နေ့မှာ ပဲ အီရန် နဲ့ကြား ဖြစ်ထွန်းလာတဲ့ ဆက်ဆံရေး အခင်းအကျင်းသစ် ကို အမေရိကန် သမ္မတ အိုဘားမား က ကြိုဆို လိုက်ပါတယ်။

ဒါဟာ သမိုင်းတွင်မယ့် တိုးတက် ဖြစ်ထွန်းမှု တစ်ရပ် ဖြစ်ပြီး အရှေ့အလယ်ပိုင်း ဒေသမှာ နောက်ထပ် စစ်ပွဲ ခင်းစရာ မလိုပဲ သံတမန် နည်းနဲ့ သဘောတူမှု ရအောင် လုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

အီရန် အနေနဲ့ နျူကလီယာ လက်နက် မပိုင်ဆိုင် နိုင်ဖို့လည်း သေချာ စေခဲ့တယ် လို့ ပြောပါတယ်။

အီရန် သမ္မတ ဟာဆန် ရူဟာနီကလည်း ပိတ်ဆို့မှု တွေ ရုတ်သိမ်းသွားတာ ဟာ အီရန် ပြည်သူတွေ ရဲ့ အောင်ပွဲ ဖြစ်တယ် ဆိုပြီး အစောပိုင်းတုန်းက ပြောထားပါတယ်။

အခုလို အီရန် အပေါ် ချမှတ် ထားတဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှု တွေ ဖယ်ရှား လိုက်တဲ့ နောက်၊ အမေရိကန် အနေနဲ့ အီရန် ကို ၁၉၈၁ ကတည်းက ပေးဖို့ ကျန်ရှိနေတဲ့ ကြွေးကျန် ဒေါ်လာ သန်း ၄၀၀ ကို အတိုး ဒေါ်လာ သန်းပေါင်း တစ်ထောင့် သုံးရာ နဲ့ တကွ ပြန်လည် ပေးဆပ် မှာ ဖြစ်ပါတယ်။

ဒီ အချိန်မှာပဲ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာန က အီရန် လတ်တလော ပြုလုပ် ခဲ့တဲ့ ထိပ်ဖူးတပ် ဒုံးကျည် ပစ်လွှတ် စမ်းသပ် မှုကြောင့် ဆိုပြီး အီရန် နိုင်ငံထဲက လူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်း တချို့ကို ကွက်ပြီး ပစ်မှတ်ထားတဲ့ ကန့်သတ် အရေးယူမှု အသစ်တွေ ချမှတ် လိုက် ပါတယ်။

အမေရိကန် ဘဏ်စနစ် ကို အသုံးပြုခွင့် အဲဒီ့ သူတွေ အပေါ် ပိတ်ပင် လိုက် တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ