ပြင်သစ် အဲလ်ပ်စ် မှာ နှင်းတောင်ပြိုလို့ စစ်သား ၅ ဦး သေ

french_alps ဓာတ်ပုံ မူပိုင်
Image caption အနံ့ခံ ခွေးတွေ ၊ ရဟတ်ယာဉ် တွေ သုံးပြီး ရှာဖွေ ကယ်ဆယ် မှု တွေ ပြုလုပ် ခဲ့ရ။

ပြင်သစ် နိုင်ငံ ဘက်ခြမ်းက အဲလ်ပ့်စ် တောင်တန်းမှာ နှင်းပြို ကျလို့ အဲဒီမှာ လေ့ကျင့်ခန်း ဆင်းနေတဲ့ ပြင်သစ် ဖော်ရိန်း လီဂျင် တပ်သား ၅ ယောက် သေဆုံး ပြီး ၆ ယောက် ဒဏ်ရာ ရသွားပါတယ်။

ဗယ်လ်ဖာဂျူ ဆိုတဲ့ နှင်းလျှောစီး စခန်း အနီး လူ အယောက် ၅၀ ပါ အုပ်စု ဟာ ပေ ၇၀၀၀ နီးပါး အမြင့် ကနေ နှင်းလျှော စီး နေကြ တုန်း နှင်းတောင် ပြိုကျ လာခဲ့ တဲ့ အတွက် စုစုပေါင်း ၁၁ ယောက် လွင့်ပါ သွား ခဲ့ရတာ ဖြစ်ပါတယ်။

နှင်းတောင် ပြိုကျ အပြီး ချက်ခြင်း ဆိုသလို အနံ့ခံ ခွေးတွေ ၊ ရဟတ်ယာဉ် တွေ သုံးပြီး ရှာဖွေ ကယ်ဆယ် မှု တွေ ပြုလုပ် ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကလည်း အဲဒီ့ အနီးတဝိုက် မှာပဲ နှင်းတောင် ပြိုကျ ခဲ့တဲံ အတွက် ကျာင်းသား ၂ ဦး နဲ့ ယူကရိန်း နိုင်ငံသား ခရီးသည် တစ်ဦး သေဆုံး ခဲ့ရ ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ