ပဲရစ် တိုက်ခိုက်သူတွေနဲ့ ဆက်စပ်သူကို မော်ရိုကို ဖမ်းဆီး

ဓာတ်ပုံ မူပိုင် Reuters
Image caption နိုဝင်ဘာ ၁၃ ရက်၊ ပဲရစ် တိုက်ခိုက်မှုကြောင့် လူ ၁၃၀ သေဆုံးခဲ့ရ။

လူ ၁၃၀ သေဆုံးခဲ့တဲ့ ပဲရစ် တိုက်ခိုက်မှုကို ကျူးလွန် ခဲ့သူတွေနဲ့ အဆက်အစပ် ရှိတဲ့ ဘယ်လ်ဂျီယံ နိုင်ငံသား တစ်ဦးကို မော်ရိုကို နိုင်ငံမှာ ဖမ်းဆီး လိုက်တယ်လို့ မော်ရိုကို အစိုးရက ပြောပါတယ်။

အဲဒီလူဟာ မော်ရိုကို နွယ်ဖွား ဖြစ်ပြီး ဆီးရီးယားက al-Nusra front ဆိုတဲ့ သူပုန်အဖွဲ့မှာ ပါဝင် တိုက်ခိုက် ခဲ့ပြီးနောက် အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့ထဲ ဝင်ရောက် ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

နိုဝင်ဘာ ၁၃ ရက်၊ ပဲရစ် တိုက်ခိုက်မှုကို လုပ်ဖို့ ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် မြို့မှာ စီစဉ် ခဲ့ကြတာလို့ ယူဆ ထားကြတာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့ကလည်း တိုက်ခိုက်မှုနဲ့ ဆက်စပ်သူတွေကို စုံစမ်း ဖော်ထုတ်ရာမှာ လူအချို့ကို ဖမ်းဆီး ခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ