အာဖဂန် ရုရှားသံရုံးအနီး အသေခံ ဗုံးခွဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကာဘူးမြို့မှာ ဆက်တိုက် ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အနက် နောက်ဆုံး တစ်ခု ဖြစ်။

အာဖဂန် နစ္စတန် နိုင်ငံ၊ ကာဘူး မြို့တော်က ရုရှား သံရုံး အနီးမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု တစ်ခု ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၄ ယောက် သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒဏ်ရာရသူ အယောက် ၂၀ လောက်ကို ဆေးရုံ တင်ထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီ တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကမှ သူတို့ လက်ချက် ဖြစ်တယ်လို့ ထုတ်မပြောသေး ပေမယ့် တာလီဘန် အဖွဲ့ရဲ့ လက်ချက် ဖြစ်မယ်လို့ ယူဆ ရပါတယ်။

သိပ်မကြာခင် ကလည်း ကာဘူးမြို့က အိန္ဒိယ၊ ပါကစ္စတန်နဲ့ အီတလီ သံရုံးတွေ အနားမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။

ဒီ တိုက်ခိုက်မှုတွေဟာ တာလီဘန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်လည် စတင်စေဖို့ ရည်ရွယ် တိုက်ခိုက်တာ ဖြစ်တယ်လို့ တချို့က သုံးသပ် ကြပေမယ့် အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ