တူနီးရှား ဆန္ဒပြပွဲ ၃ ရက်ဆက်

Habib Essid ဓာတ်ပုံ မူပိုင် Getty
Image caption တူနီးရှား ဝန်ကြီးချုပ် Habib Essid

တူနီးရှား နိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှု အတွက် ၃ ရက်မြောက်နေ့ ဆက်ဆန္ဒပြရာမှာ လုံခြုံရေး တပ်ဖွဲ့ တွေနဲ့ ဆန္ဒပြသူတွေ ရင်ဆိုင် အချင်းများ ခဲ့ကြပါတယ်။

တူနီးရှား က Kasserine မြို့မှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေ အတွင်း ဗုဒ္ဓဟူးနေ့က ရဲတယောက် သေဆုံးတယ် ဆိုပြီး သတင်းထွက်လာပါတယ်။

တခြားမြို့ တွေကိုလည်း ဆန္ဒပြပွဲတွေ ပြန့်နှံ့သွားခဲ့ပြီး ရဲစခန်း တခု မီးတင်ရှို့ ခံရတာ အပါအဝင် အစိုးရ အဆောက်အအုံတွေကို စီးနင်းတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အလုပ်လက်မဲ့ ပြဿနာ ဟာ အဓိက ပြဿနာ ဖြစ်နေတယ်လို့ တူနီးရှား ဝန်ကြီးချုပ် Habib Essid က ဝန်ခံ ပြောကြား ခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရမှာ ဒါကို ဖြေရှင်းဖို့ အမြန်ဆုံး နည်းမရှိဘူး လို့လည်း သူက ဆိုပါတယ်။

ဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ်ရဲ့ ဥရောပ ခရီးစဉ်ကို အတိုချုံးပြီး ပြန်လာခဲ့ရသလို စနေနေ့မှာ အစိုးရ အဖွဲ့ အရေးပေါ် စည်းဝေးကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ