Adidas က IAAF ကို ပေးထားတဲ့ စပွန်ဆာကို ဖျက်မယ်

iaaf_headquarters ဓာတ်ပုံ မူပိုင် Getty
Image caption ကစားသမားတွေ တားမြစ်ဆေးဝါး သုံးစွဲတာကို သိသိနဲ့ ခွင့်ပြု ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေ ကို IAAF ရင်ဆိုင် နေရ။

အားကစား ဝတ်စုံ တွေ ထုတ်လုပ်တဲ့ Adidas ကုမ္ပဏီ ဟာ နိုင်ငံတကာ ပေးခုန်ပစ် အဖွဲ့ချုပ် IAAF ကို စပွန်ဆာ ပေးထားတဲ့ ဒေါ်လာ သန်းပေါင်း များစွာ တန်တဲ့ သဘောတူမှု ကို ဖျက်သိမ်းဖို့ စီစဉ် နေတာ ကို ဘီဘီစီ အနေနဲ့ သိရှိ ထားပါတယ်။

ကစားသမားတွေ တားမြစ်ဆေးဝါး သုံးစွဲတာကို သိသိနဲ့ ခွင့်ပြု ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေ ကို IAAF ရင်ဆိုင် နေရတုန်းမှာပဲ အခုလို သူတို့ရဲ့ စပွန်ဆာ ကုမ္ပဏီ Adidas က စာချုပ်ဖျက်ဖို့ လုပ်ဆောင် လာတာ ဖြစ်ပါတယ်။

IAAF နဲ့ Adidas ကြား ၁၁ နှစ် သက်တမ်း စာချုပ် ဟာ ပုံမှန် အတိုင်း ဆိုရင်တော့ ၂၀၁၉ ကျမှ သက်တမ်းကုန် မှာ ဖြစ်ပါတယ်။

အခုတော့ IAAF နဲ့ ပတ်သက်တဲ့ နာမည်ပျက် သတင်းတွေ ရဲ့ တိုက်ရိုက် အကျိုးဆက် အနေနဲ့ Adidas က စာချုပ်ကို ၃ နှစ်စော ပြီး ရပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ