ဂရိ ကျွန်းအနီး လှေမှောက်၊ ၂၄ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် AP
Image caption အခုလ အတွင်းမှာ လူ ၂ ရာလောက် လှေမှောက် သေဆုံးခဲ့။

တူရကီ အနီးက ဂရိပိုင် ကျွန်းတစ်ကျွန်း အနီးမှာ ဒီကနေ့ ကြာသပတေး နေ့က လှေတစ်စီး ထပ်မံ နစ်မြုပ်တဲ့ အတွက် ရွှေ့ပြောင်းသူ ၂၄ ယောက် ရေနစ် သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

လူ ၁၀ ဦးကိုတော့ ကယ်တင် နိုင်ခဲ့ပြီး ပျောက်ဆုံး နေသူ ၁၁ ဦးကို ဆက်လက် ရှာဖွေ နေတယ်လို့ ဂရိ ကမ်းခြေစောင့် တပ်က ပြောပါတယ်။

ဒါဟာ အခု ရက်ပိုင်း အတွင်း ဒုတိယ အကြိမ် နစ်မြုပ်မှု ဖြစ်ပြီး သေဆုံးသူတွေ ထဲမှာ ကလေးငယ်တွေ ပါဝင် ပါတယ်။ ဗုဒ္ဓဟူးနေ့ ကလည်း ရွှေ့ပြောင်းသူ ၇ ဦး ရေနစ် သေဆုံး ခဲ့ပါသေးတယ်။

အခု လအတွင်းမှာတင် ဂရိဘက်ကို ဖြတ်ကူးတဲ့ လူ ၂ ရာလောက် ရေနစ် သေဆုံး ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလို တူရကီ ဘက်ကနေ ဖြတ်ကူး လာနေသူတွေကို တားဆီးဖို့ အီးယူ ကလည်း ဆန္ဒ ပြင်းပြ နေပါတယ်။

အန္တရာယ်ကို မမှုဘဲ စွန့်စား ဖြတ်ကူးလာသူ အများစုက ပဋိပက္ခတွေ ရှိနေတဲ့ ဆီးရီးယား၊ အီရတ်နဲ့ အာဖဂန် နစ္စတန် တို့က ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ