အာဖဂန်ထဲက IS အသံလွှင့်ရုံကို တိုက်ခိုက် ဖျက်ဆီး

ဓာတ်ပုံ မူပိုင် epa
Image caption အချင်း ဒေသမှာ အာဖဂန် အစိုးရကို ထောက်ခံတဲ့ လက်နက်ကိုင်တွေက IS အဖွဲ့ကို ရင်ဆိုင် တိုက်နေ။

အာဖဂန် နစ္စတန် နိုင်ငံထဲက အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့ပိုင် ရေဒီယို အသံလွှင့်ရုံ တစ်ခုကို အမေရိကန် လေကြောင်း တိုက်ခိုက်မှု တစ်ခုနဲ့ ဖျက်ဆီး နိုင်ခဲ့တယ်လို့ အမေရိကန်နဲ့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

'နန်ဂါဟာ' ပြည်နယ်ထဲက ဝေးလံတဲ့ 'အချင်း' ဒေသမှာ IS အဖွဲ့ပိုင် 'အစ္စလာမ် စော်ဘွားရဲ့ အသံ' ဆိုတဲ့ အဲဒီ အသံလွှင့်ရုံကို ဒရုန်း တိုက်ခိုက်မှုနဲ့ ဖျက်ဆီး နိုင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

IS အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်က အာဖဂန် ထဲကို ဝင်ရောက် လာခဲ့တာ ဖြစ်ပြီး လူသစ်တွေ စုဆောင်းဖို့ အတွက် အက်ဖ်အမ် ရေဒီယို အသံလွှင့်ရုံ တစ်ခုကို စတင် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

အာဖဂန် တပ်ဖွဲ့တွေနဲ့ IS အဖွဲ့ ရင်ဆိုင် တိုက်ပွဲတွေ ရှိခဲ့သလို တခြား စစ်သွေးကြွ အဖွဲ့ဖြစ်တဲ့ တာလီဘန် တွေနဲ့လည်း တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

တနင်္လာနေ့ ညက ဒရုန်းနဲ့ တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ရာမှာ ရေဒီယို အသံလွှင့်ရုံ တစ်ခု၊ အင်တာနက် ထိန်းချုပ်ရေး စင်တာ တစ်ခုနဲ့ တခြား IS ပစ်မှတ်တွေကို ထိမှန် ခဲ့တယ်လို့ နန်ဂါဟာ ပြည်နယ် ပြောခွင့်ရသူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ