ဆီးရီးယား အရေးကြောင့် ဥရောပလည်း အခက်ကြုံ

ဓာတ်ပုံ မူပိုင် AFP
Image caption စီးပွားရေး အရ အကျိုးအမြတ်၊ လူမှုရေး အထောက်အကူပြု ထောက်ပံ့မှု ငွေကြေး၊ ဆေးကုသမှု နဲ့ ပညာရေး ပံ့ပိုး မှု စတာတွေ မျှော်ကိုးပြီး ဝင်လာသူတွေရှိ

ဆီးရီးယား နိုင်ငံ မှ ဒုက္ခ သည်တွေ ဥရောပ နိုင်ငံ တွေ ဘက်ကို နည်းမျိုးစုံ နဲ့ လှည့်ဝင်နေ တဲ့ ကိစ္စဟာ ဥရောပ ခေါင်းဆောင်တွေ ခေါင်းခဲ နေရတဲ့ အထဲမှာ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် လည်း ပါဝင်ပါတယ်။

အထူးသဖြင့် ဒုက္ခသည်တွေ ကို ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေ အနေနဲ့ အချိုးကျ လက်ခံရမဲ့ အရေး ကိုလည်း ဗြိတိန် အနေနဲ့ တာဝန် မယူချင်တဲ့ အတွက် ဆီးရီးယား ဒုက္ခသည် စခန်း က ဒုက္ခ သည်တွေ ကိုပဲ လက်ခံမယ် လို့ပြောပါတယ်။

နိုင်ငံ အသီးသီး ရဲ့ နယ်စပ်ဖြတ်ကျော် ဝင်လာသူတွေ ထဲမှာ စစ်ပြေးဒုက္ခသည် တွေ ချည်း မပါဝင် နိုင်ပဲ စီးပွားရေး အရ အကျိုးအမြတ်၊ လူမှုရေး အထောက်အကူပြု ထောက်ပံ့မှု ငွေကြေး၊ ဆေးကုသမှု နဲ့ ပညာရေး ပံ့ပိုး မှု စတာတွေ မျှော်ကိုးပြီး ဝင်လာသူတွေ ကို ဗြိတိန် အနေနဲ့ လက်မခံလိုပါ။

ဥရောပ သမဂ္ဂ အနေနဲ့ အခြေခံ ပြုပြင်ပြောင်းလဲမှု တွေ ကို မပြုရင် အဖွဲ့ဝင် နိုင်ငံ အဖြစ် က နှုတ်ထွက်မယ်၊ အဖွဲ့ဝင် နိုင်ငံ ထဲ က ခိုလှုံခွင့်၊ အလုပ်လုပ်ပိုင်ခွင့် စတာရှိတဲ့ တိုင်အောင် ခံစားခွင့် တွေ ကို ကန့်သတ်ပစ်မယ် ဆိုတဲ့ အသံတွေ ထွက်လာပါတယ်။

ဗြိတိန် နိုင်ငံတွင်းမှာလည်း အခွန်ထမ်းပြည်သူတွေ က သူတို့ ခံစားပိုင်ခွင့် ထဲ က ဧည့်နိုင်ငံသားတွေ ကို မျှဝေ ပေးနေရတာကိုလည်း မကျေနပ်တော့ လို့ ဥရောပ သမဂ္ဂ ထဲက ခွဲထွက်ဖို့ ဖိအားပေးကြလို့ လူထုဆန္ဒ သဘောထားကောက်ခံ မဲ့ မဲပေးပွဲ ကိုလည်း စဉ်းစားထားရပါပြီ။

ဒီအခါမှာ ဥရောပ ခေါင်းဆောင် တချို့ က ဗြိတိန် ကို ဥရောပ သမဂ္ဂ ထဲ က မထွက်စေလိုတဲ့ အတွက် ဗြိတိန် ရဲ့ ပြုပြင်ပြောင်းလဲမှု ကို ထောက်ခံ ပါ့မယ် လို့ ပြောတဲ့ အထဲမှာ ဒိန်းမတ် ဝန်ကြီးချုပ် လားစ်လိုဂါ ရပ်စ်မူဆင် Lars Lokke Rasmussen ပါဝင်ပါတယ်။ အထူးသဖြင့် ကလေးသူငယ် ခံစားပိုင်ခွင့် အပါအဝင် လူမှုရေး ထောက်ပံ့မှု စနစ်တွေ ကို ပြုပြင် ပြောင်းလဲမယ် ဆိုရင် ဗြိတိန် တနိုင်ငံ ထဲ တင် အကျိုးရှိမှာမဟုတ်ပဲ ဒိန်းမတ်ရော အခြား ဥရောပ နိုင်ငံ တွေ ပါ အကျိုးရှိလာနိုင်ပါတယ် လို့ ထောက်ခံပြောလိုက်ပါတယ်။

ပိုလန် နိုင်ငံ ကို မစ္စတာ ကင်မရွန် ရောက်သွားတဲ့ အခါမှာလည်း ပိုလန် ဝန်ကြီးချုပ် က ဗြိတိန် မှာ ရောက်နေတဲ့ ပိုလန် နိုင်ငံသားတွေ နဲ့ မိသားစု တွေရဲ့ ခံစားပိုင်ခွင့် တွေ ထိခိုက်မှု မရှိဘူး ဆိုရင် သူတို့ ဘက်ကလည်း ထောက်ခံဖို့ အသင့် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ