ဘရာဇီး ကာနီဗယ် လူသန်းပေါင်းများစွာ ဆင်နွှဲ

_sao_paulo_brazil_carnival
Image caption ဘရာဇီး သန်းပေါင်း များစွာ ကာနီဗယ် ပွဲတော် ဆင်နွှဲ။

ဘရာဇီး နိုင်ငံ မှာ ဇီကာ ဗိုင်းရပ်စ် ကူးစက် မှု ဖြစ်ပေါ် နေပေမယ့် အစဉ်အလာ မပျက် ကျင်းပ ကြမြဲ ဖြစ်တဲ့ ကာနီဗယ် ပွဲတော် ကာလ ရဲ့ ပထမဆုံး နေ့ရက် မှာ နိုင်ငံ တဝှမ်း ဘရာဇီး ပြည်သူ ပြည်သားတွေ သန်းပေါင်း များစွာ ပွဲတော်တွင်း ပါဝင် ဆင်နွှဲ ခဲ့ ကြပါတယ်။

ခြင်ကနေ တဆင့် ကူးစက် တဲ့ ဇီကာ ဗိုင်းရပ်စ် ဒဏ် အဆိုးရွားဆုံး ခံနေရတဲ့ ရဆီဖေး မြို့မှာ ဆိုရင် ဂါလို ဒါ မာဒရူဂါဒါ ဆိုတဲ့ စနေနေ့ လမ်းပေါ် စီတန်း လှည့်လည်ပွဲ မှာ ရောင်စုံ ပွဲတော်တွင်း ဝတ်စုံ တွေ ဆင်မြန်း ထားကြတဲ့ လူ ပေါင်း တစ်သန်း ကျော် ပါဝင် ခဲ့ကြ ပါတယ်။

ဘရာဇီးရဲ့ အကြီးဆုံး မြို့ကြီး ဖြစ်တဲ့ ဆောင်ပါလို မှာ တော့ ဇီကာ ဗိုင်းရပ်စ် အန္တရာယ် ကို သတိထား ကြဖို့ အစိုးရ ကျန်းမာရေး ဝန်ကြီး ဌာန က မြို့ခံ တွေ နဲ့ နိုင်ငံခြားသား ဧည့်သည် တွေကို နှိုးဆော်စာ အရွက် ၅ သိန်း ရိုက်နှိပ် ဖြန့်ဝေ ထားပါတယ်။

ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံရခြင်းနဲ့ ဦးခေါင်း အရွယ်အစား ပုံမှန် မဟုတ် တဲ့ ကလေးငယ် တွေ မွေးဖွား လာခြင်း တို့ ဆက်စပ် နေတယ် လို့ ယူဆ ထားကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ