မြောက်ကိုးရီးယားရဲ့ ဒုံးပျံပစ်လွှတ်မှုကို နိုင်ငံတကာ ကန့်ကွက်ရှုံ့ချနေ

northkorea, satellite ဓာတ်ပုံ မူပိုင် Reuters
Image caption ရော့ကက်ဒုံးပျံဟာ ဂြိုလ်တုကို လွှတ်တင်ခဲ့တယ်လို့ မြောက်ကိုးရီးယားက ဆို

မြောက်ကိုးရီးယားကနေ တနင်္ဂနွေနေ့က တာဝေးပစ် ရော့ကက် ဒုံးပျံ ပစ်လွှတ်မှုဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို ချိုးဖောက် ရာ ရောက်တယ်ဆိုပြီး နိုင်ငံတကာ ဘက်က ကန့်ကွက်နေကြပါတယ်။

မြောက်ကိုးရီးယား အစိုးရရုပ်မြင်သံကြားကနေ ကြေညာရာမှာ ရော့ကက်ဒုံးပျံဟာ ဂြိုလ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ်လွှတ်မှုကို တောင်ကိုးရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်ဖို့ ပန်ကြားထားပါတယ်။

မြောက်ကိုးရီးယားရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အိမ်နီချင်း တရုတ်နိုင်ငံဘက်ကလည်း စိတ်မချမ်းမမြေ့ဖြစ်မိတယ်လို့ ပြောပါတယ်။