အိန္ဒိယ ကျောင်းထဲ ကျားသစ် ဝင်၊ ၆ ဦး ဒဏ်ရာရ

ဓာတ်ပုံ မူပိုင် Kashif Masood
Image caption ကျားသစ်ကို ၁၀ နာရီကြာ ဖမ်းဖို့ ကြိုးစား ခဲ့ပြီးနောက် မေ့ဆေး ပေးနိုင်ခဲ့။

အိန္ဒိယ နိုင်ငံ၊ ဘန်ဂလော မြို့မှာ စာသင်ကျောင်း တစ်ကျောင်းထဲကို တနင်္ဂနွေနေ့က ကျားသစ် အထီး တစ်ကောင် ဝင်လာတဲ့ အတွက် ဖမ်းဖို့ ကြိုးစားတဲ့ လူ ၆ ဦး ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ကျားသစ်ကို ဝိုင်းဝန်း ဖမ်းဆီးဖို့ ကြိုးစားချိန် အတွင်း ဒဏ်ရာ ရခဲ့ကြသူတွေ ထဲမှာ ပညာရှင် တစ်ယောက်နဲ့ သစ်တော ဝန်ထမ်း တစ်ယောက်လည်း ပါဝင် ပါတယ်။

၁၀ နာရီ နီးပါး ကြာခဲ့ပြီး နောက်မှ ကျားသစ်ကို မေ့ဆေး ပေးနိုင်ခဲ့ပြီး ပြန်လွှတ် ပေးခဲ့ကြပါတယ်။

၈ နှစ် အရွယ် အဲဒီ ကျားသစ် အထီးဟာ စာသင်ကျောင်း ထဲကို အေးအေးလူလူ ဝင်လာခဲ့ပြီးနောက် သူ့ကို မေ့ဆေး ပေးဖို့ ကြိုးစား ရာမှာတော့ ရုန်းရင်း ဆန်ခတ်တွေ ဖြစ်ခဲ့ပြီး လူတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး စစ်တမ်း တစ်ခုအရ အိန္ဒိယမှာ ကျားသစ် ကောင်ရေ ၁၂,၀၀၀ ကနေ ၁၄,၀၀ ကြား ရှိတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ