ဇီကာ အန္တရာယ်ကို အလေးအနက်ထားကြောင်း အိုဘားမားပြော

virus_zika_
Image caption ခြင် နှိမ်နှင်းရေး၊ ကာကွယ်ဆေး ထုတ်လုပ်လုပ်ရေး နဲ့ ဝင်ငွေ နည်းတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေကို ကူညီ ထောက်ပံ့ရေး တွေမှာ အမေရိကန် အစိုးရ ရဲ့ ရံပုံငွေ တွေကို အသုံးပြုဖို့ ရည်ရွယ် ထား။

ဇီကာ ဗိုင်းရပ်စ် ကူးစက် နေတဲ့ ပြဿနာ ကို သူ့ အနေနဲ အင်မတန် အလေး အနက် ထား ကိုင်တွယ် နေတယ် လို့ အမေရိကန် သမ္မတ အိုဘားမား က ဆိုပါတယ်။

ဇီကာ ဗိုင်းရပ်စ် ပြန့်နှံ့ နေတာ ကို ထိန်းချုပ်ဖို့ အရေးပေါ် ရံပုံငွေ အဖြစ် ဒေါ်လာ ၁.၈ ဘီလျံ ကျော် ခွင့်ပြုဖို့ ကွန်ဂရက်စ် လွှတ်တော် ဆီ ကနေ တောင်းခံ ထားတယ် လို့လည်း သမ္မတ အိုဘားမား က ဆိုပါတယ်။

ခြင်ကနေ တဆင့် ကူးစက်တဲ့ ဇီကာ ဗိုင်းရပ်စ် ဟာ အီဘိုလာ တုန်းကလို လူတွေ သေဆုံးတာ မျိုး မဖြစ် ပေမယ့် မွေးရာပါ ချို့ယွင်းချက် တွေ ရှိတဲ့ ကလေးငယ် တွေ မွေးဖွား လာတာ နဲ့ ဆက်စပ် နေ ပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ဆောင် မိခင် တွေ အတွက် အင်မတန် ကြီးမားတဲ့ အန္တရာယ် ဖြစ်စေတယ် လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

ဇီကာ ဗိုင်းရပ်စ် ကာကွယ် ဆေး ကို လူ အများ အတွက် ရလာဖို့ နှစ် အတန်ကြာ စောင့် ရ နိုင်တယ် ဆိုပြီး အမေရိကန် အစိုးရရဲ့ ကျန်းမာရေး အာဏာပိုင် တွေက ပြောထားပါတယ်။

ခြင် နှိမ်နှင်းရေး၊ ကာကွယ်ဆေး ထုတ်လုပ်လုပ်ရေး နဲ့ ဝင်ငွေ နည်းတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေကို ကူညီ ထောက်ပံ့ရေး တွေမှာ အမေရိကန် အစိုးရ ရဲ့ ရံပုံငွေ တွေကို အသုံးပြုဖို့ ရည်ရွယ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ