ဂူဂဲလ် အမှုဆောင်ချုပ် ဝင်ငွေ အမြင့်ဆုံးဖြစ်လာ

ဓာတ်ပုံ မူပိုင် Getty

ဂူဂဲလ် ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ဆွန်ဒါ ပီချိုင်း Sundar Pichai ဟာ ဒေါ်လာ ၁၉၉ သန်း တန်ကြေးရှိတဲ့ အစုရှယ်ယာ တွေကို ရခဲ့တယ်လို့ ဂူဂဲလ်ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

အဲဒီ ပမာဏကြောင့် သူဟာ အမေရိကန်မှာ ဝင်ငွေ အကောင်းဆုံး အမှုဆောင် အရာရှိချုပ် ဖြစ်လာပါတယ်။

မစ္စတာ ပီချိုင်းဟာ ဂူဂဲလ်က သူတို့ရဲ့ မိခင် ကုမ္ပဏီ အဖြစ် ၂၀၁၅ ကုန်ခါနီးမှာ Alphabet ကုမ္ပဏီကို ထူထောင်ခဲ့ပြီး နောက်ပိုင်း အမှုဆောင် အရာရှိချုပ် ဖြစ်လာခဲ့သူပါ။

၄၃ နှစ်အရွယ် မစ္စတာ ပီချိုင်းဟာ Alphabet ကုမ္ပဏီ ရှယ်ယာပေါင်း နှစ်သိန်း ခုနစ်သောင်းကျော်ကို ဖော်ဖော်ဝါရီ ၃ ရက်နေ့က ရခဲ့တာ ဖြစ်ပြီး အဲဒီ ရှယ်ယာတွေရဲ့ တန်ဖိုးက ဒေါ်လာ ၁၉၉ သန်း တန်တယ်လို့ ဆိုပါတယ်။

အခု ထပ်ရတဲ့ ရှယ်ယာတွေနဲ့ ပေါင်းရင် မစ္စတာ ပီချိုင်းရဲ့ လက်ဝယ်က အစုရှယ်ယာ တွေရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း ၆၅၀ လောက် ရှိသွားပြီ လို့လည်း သိရပါတယ်။

ဂူဂဲလ် ထူထောင်သူတွေ ဖြစ်တဲ့ လာရီ ပေ့ဂျ် Larry Page နဲ့ ဆာဂေ ဘရင် Sergey Brin တို့ကတော့ ဒေါ်လာ ၃၄.၆ ဘီလျံ နဲ့ ၃၃.၉ ဘီလျံ အသီးသီး ပိုင်ဆိုင် နေကြပြီလို့ ဖော့စ် မဂ္ဂဇင်းရဲ့ အဆိုအရ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ