ပျံကျဆိုင်တွေ ရှင်းရာက ဟောင်ကောင် အဓိကရုဏ်းဖြစ်

ဓာတ်ပုံ မူပိုင် AP
Image caption အဓိကရုဏ်းမှာ ရာနဲ့ချီ ပါဝင်ခဲ့ကြ။

ဟောင်ကောင် မြို့လယ်၊ မွန်ကော့ ရပ်ကွက်မှာ နှစ်သစ်ကူး ကာလ အတွက် တည်ခင်းတဲ့ တရားမဝင် လမ်းဘေး စားသောက်ဆိုင် တွေကို ရဲတပ်ဖွဲ့က ရှင်းလင်းရာက စပြီး အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။

လူစည်ကားရာ လမ်းဆုံ လမ်းခွမှာ ဖွင့်ထားတဲ့ ပျံကျ စျေးဆိုင်တွေကို အစားအသောက် သန့်ရှင်းမှု စစ်ဆေးသူတွေက ဖယ်ရှားဖို့ ကြိုးစားရာက စပြီး တစ်ညလုံး အကြမ်းဖက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာပါ။

ဒေါသထွက်နေတဲ့ လူတွေက ရဲတွေကို အုတ်ခဲတွေနဲ့ ပစ်ပေါက် ခဲ့ကြပြီး၊ ရဲတွေက နံပါတ် တုတ်တွေ၊ ငရုတ်ရည်တွေ သုံးခဲ့သလို သေနတ် ၂ ချက် ပစ်ဖောက် သတိပေးခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AP

အဓိကရုဏ်းကြောင့် အနည်းဆုံး ၅၄ ဦးကို ဖမ်းဆီးခဲ့ပြီး လူ ၉၀ ဒဏ်ရာ ရခဲ့ပါတယ်။ ဒဏ်ရာရသူတွေ ထဲမှာ ရဲ အရာရှိတွေနဲ့ အတူ သတင်းသမား ၄ ယောက်လည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတွေကို ဆန့်ကျင်သူတွေက ပုလင်းတွေ၊ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်နေတာ၊ အမှိုက်ပုံးတွေကို မီးရှို့နေတာတွေကို သတင်းဓာတ်ပုံတွေ ထဲမှာ တွေ့ရပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူး စီဝိုင်လုန် ကတော့ အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို သေချာပေါက် တရားစွဲဆို သွားမယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

ဒီသတင်းနဲ့ပတ်သက်သမျှ