ခရစ်ယာန် ကျောင်းတော်ကြီး နှစ်ခု ရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံ

patriarch_kirill_and_pope_francis_
Image caption နှစ် ပေါင်း တစ်ထောင် နီးပါး အရှေ့ခြမ်း နဲ့ အနောက်ခြမ်း ကွဲပြား နေတဲ့ ကျောင်းတော် နှစ်ခု ရဲ့ အရေး တွေ ကို ခေါင်းဆောင် နှစ်ဦး ပွင့်ပွင့်လင်း လင့် ဆွေးနွေးခဲ့။

အကြီးဆုံး ခရစ်ယာန် ကျောင်းတော် ကြီး နှစ်ခု ဖြစ်တဲ့ ရိုမဲန် ကက်သလစ် ကျောင်းတော် နဲ့ ရုရှ အော်သိုဒေါ့စ် ကျောင်းတော် တွေ ရဲ့ ခေါင်းဆောင် နှစ်ဦး တွေ့ဆုံ ခဲ့ကြပြီ ဖြစ်ပါတယ်။

ကျောင်းတော် နှစ်ခု အကြား ဂိုဏ်းကွဲပြား မှု အပေါ် အခြေခံပြီး ရာစုနှစ် ပေါင်း များစွာ ရောရော ယှက်ယှက် မရှိလှ ပဲ နေခဲ့ ကြတာ ကနေ အခုတော့ ရိုမဲန် ကက်သလစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နဲ့ ရုရှ အော်သိုဒေါ့စ် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကေရယ်လ် တို့ ကျူးဘား နိုင်ငံ မြို့တော် ဟာဗားနားမှာ တွေ့ဆုံ ခဲ့ကြ ပါတယ်။

ခရစ်ယာန် ကျောင်းတော်ကြီး နှစ်ခု ရဲ့ ခေါင်းဆောင် တွေကို ကျူးဘား သမ္မတ ရာအူးလ် ကက်စ်ထရို က ဟားဗားနား လေဆိပ် မှာ သွားရောက် ကြိုဆို ခဲ့ ပါတယ်။

ခရစ်ယာန် ဘာသာ ထဲ နှစ် ပေါင်း တစ်ထောင် နီးပါး အရှေ့ခြမ်း နဲ့ အနောက်ခြမ်း ကွဲပြား နေတဲ့ ကျောင်းတော် နှစ်ခု ရဲ့ အရေး တွေ ကို ခေါင်းဆောင် နှစ်ဦး ပွင့်ပွင့်လင်း လင့် ဆွေးနွေး ခဲ့ ကြပြီး၊ ကျောင်းတော် နှစ်ခု အတူတကွ အလုပ်လုပ် သွား နိုင်မယ်လို့ မျှော်လင့်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆိုပါတယ်။

ရုရှ အော်သိုဒေါ့စ် ကျောင်းတော် ရဲ့ ပေထရီယာ့ခ် လို့ ခေါ်တဲ့ အကြီးဆုံး ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကေရယ်လ် ကလည်း ကမ္ဘာ တဝှမ်း က ခရစ်ယာန် တွေ ကို အကာအကွယ် ပြု နိုင်ရေး မှာ ကျောင်းတော် တွေ အနေနဲ့ တစ်ခု ကို ကူညီ ဆောင်ရွက် ကြမယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ