ဗုံးကြဲတာရပ်ဖို့ ရုရှကို ပြင်သစ်သတိပေး

ဓာတ်ပုံ မူပိုင် AP
Image caption အရပ်သားတွေသေတာမရှိသေးဘူးလို့ ရုရှဘက်ကငြင်းဆိုထား

အရပ်သားပစ်မှတ်တွေကို ဆီးရီးယားမှာ ဗုံးကြဲနေတာတွေကို ရုရှအနေနဲ့ ချက်ခြင်းရပ်ဖို့ ပြင်သစ်ဝန်ကြီးချုပ် မန်နူရယ်ဗောလ်စ်က သတိပေးပြောဆိုလိုက်ပါတယ်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့ မှာပြုလုပ်နေတဲ့ ဆီးရီးယားစစ်ပွဲရပ်စဲရေး ကမ္ဘာ့ခေါင်းဆောင်များဆွေးနွေးပွဲမှာ ပြင်သစ်ဝန်ကြီးချုပ်က အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ဗုံးကြဲတာရပ်တာဟာ ဆီးရီးယား ငြိမ်းချမ်းရေး

အတွက် သော့ချက်ဖြစ်တယ်လို့လည်းသူက ပြောပါတယ်။ရုရှဘက်ကတော့ သူတို့ဗုံးကြဲနေတာ အရပ်သားပစ်မှတ်တွေကို ထိခိုက်တဲ့အထောက် အထားတွေ အခုချိန်အထိ မတွေ့ခဲ့ရသေးဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ရုရှရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယား အရပ်သားတစ်ထောင်ကျော် သေဆုံးခဲ့တယ်လို့ ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့ကတော့ စွပ်စွဲထားပါတယ်။

ဆီးရီးယားအတွင်းမှာဖြစ်နေတဲ့ ပြသာနာတွေကို စစ်ရေးနည်းနဲ့ဖြေရှင်းမှဖြစ်မယ်လို့ ဆုံးဖြတ်ထားတဲ့ သမ္မတအာဆတ်ရဲ့ စဉ်းစားချက်ကိုလည်း အမေရိကန်ဘက်က အစောပိုင်းက အမေရိကန်ဘက်ကနေ သတိပေး ထားတာရှိပါတယ်။

ဆီးရီးယားစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ လွန်ခဲ့တဲ့ ၅နှစ်တာကာလအတွင်းမှာ လူပေါင်း နှစ်သိန်း ငါးသောင်းကျော်သေဆုံးပြီး ဆယ့်တစ်သန်း ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။