မက္ကဆီကိုရဲ့ အဆင်းရဲဆုံး အရပ်ဒေသမှာ ပုပ်ရဟန်းမင်းကြီး ဝတ်ပြုဆုတောင်းပွဲ ကျင်းပ

pope_mexico_ecatepec
Image caption လေယာဉ်ကွင်းနဲ့ ဝတ်ပြုပွဲ ကျင်းပရာ နေရာ လမ်း တလျှောက်မှာလည်း လူတွေ ပြွတ်သိပ် နေအောင် ကို ကြိုဆို ခဲ့ကြ။

မက္ကဆီကိုစီးတီး မြို့တော် ပရိဝုဏ်ထဲ က အဆင်းရဲဆုံး အရပ်ဒေသ တစ်ခုမှာ လူတွေ ၃ သိန်း လောက် ပါဝင်ကြတဲ့ ဆုတောင်း ဝတ်ပြုပွဲ အခမ်းအနား ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဦးဆောင် ကျင်းပ ခဲ့ပါတယ်။

Ecatepec ဆိုတဲ့ အရပ်ကို ရဟတ်ယာဉ် နဲ့ ဆိုက်ရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီး ကို ဧရာမ လူအုပ်ကြီး အသင့် စောင့်ဆိုင်း နေကြ သလို၊ လေယာဉ်ကွင်းနဲ့ ဝတ်ပြုပွဲ ကျင်းပရာ နေရာ လမ်း တလျှောက်မှာလည်း လူတွေ ပြွတ်သိပ် နေအောင် ကို ကြိုဆို ခဲ့ကြပါတယ်။

အဲဒီ့ လေဟာပြင် ဝတ်ပြုဆုတောင်းပွဲ မှာ ပါဝင်နိုင်ဖို့ အတွက် လူအများအပြား ဟာ ညလုံးပေါက် ကြိုတင် စောင့်ဆိုင်း ခဲ့ကြတာ ဖြစ်ပါတယ်။

Ecatepec အရပ်မှာ လူ တစ်သန်းခွဲ ကျော် နေထိုင် ကြပြီး မူးယစ် ဆေးဝါးနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှု တွေ ထူပြော သလို၊ အမျိုးသမီး တွေ အပေါ် အကြမ်းဖက်မှုတွေ အတွက်လည်း အထူးစိုးရိမ်စရာ ကောင်းတဲ့ အရပ် ဒေသ တစ်ခု ဖြစ်ပါ တယ်။

အစ်ကာတယ်ပက် ဝတ်ပြုဆုတောင်းပွဲ အပြီးမှာတော့ ပုပ်ရဟန်း မင်းကြီးက မက္ကဆီကို နိုင်ငံသား တွေ အနေနဲ့ ကိုယ့် နိုင်ငံကို အခွင့်အလမ်း တွေ ကြွယ်ဝရာ နယ်မြေ အဖြစ် ပြောင်းလဲကြပါ ဆိုပြီး တိုက်တွန်း ခဲ့ပါတယ်။

ဒါမှလည်း မက္ကဆီကို လူငယ် တွေ အနေနဲ့ အိမ်ကို စွန့်ခွာပြီး တိုင်းတပါးကို ပြောင်းရွှေ့ဖို့ ကြိုးစား ကြရင်းသား (ပုပ်ရဟန်းမင်းကြီး သုံးစွဲခဲ့တဲ့ ဝေါဟာရနဲ့ ဆို) မရဏကုန်သည်တွေ လက်ထဲ သက်ဆင်းနေကြရတဲ့ အဖြစ်က ကင်းဝေး နိုင်မယ် လို့ ပုပ်ဖရန်စစ်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ