ဘူထရို့စ် ဂါလီ ၉၃ နှစ်မှာ ကွယ်လွန်

ဓာတ်ပုံ မူပိုင် AFP
Image caption ၁၉၉၂ ကနေ ၁၉၉၆ အထိ ကုလ အတွင်းရေးမှူးချုပ် အဖြစ် ဘူထရို့စ် ဂါလီ တာဝန် ထမ်းဆောင်ခဲ့။

ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘူထရို့စ် ဘူထရို့စ် ဂါလီ အသက် ၉၃ နှစ် အရွယ်မှာ ကွယ်လွန် သွားပါတယ်။

တင်ပါဆုံရိုး ကျိုးတဲ့ အတွက် ကိုင်ရိုမြို့က ဆေးရုံမှာ ကုသမှု ခံယူနေစဉ် ဒီကနေ့ အင်္ဂါနေ့က ကွယ်လွန် သွားတာလို့ အီဂျစ် နိုင်ငံပိုင် သတင်း မီဒီယာက ပြောပါတယ်။

ဘူထရို့စ် ဂါလီရဲ့ သေဆုံးမှုကို လက်ရှိ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌဖြစ်သူ၊ ဗင်နီဇွဲလား သံအမတ် Rafael Dario Ramirez Carreno က အတည်ပြု ခဲ့ပါတယ်။

အီဂျစ် နိုင်ငံသား ဖြစ်တဲ့ ဘူထရို့စ် ဂါလီဟာ ကုလ အတွင်းရေးမှူးချုပ်တွေ ထဲမှာ ပထမဆုံး အာရပ်နွယ်ဖွား ဖြစ်ပါတယ်။

သူဟာ ပင်လယ်ကွေ့ စစ်ပွဲအပြီး ကုလ သမဂ္ဂရဲ့ သြဇာ မြင့်တက်နေချိန် ၁၉၉၂ ခုနှစ်မှာ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ပြီး ၅ နှစ် သက်တမ်း တစ်ကြိမ် တာဝန် ယူခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ