ယူကရိန်း အကြွေး ၃ဘီလျံအတွက် ရုရှား အမှုဖွင့်

ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှားဆီက ယူကရိန်း ဓာတ်ငွေ့ ဝယ်ယူမှုမှာလည်း နှစ်နိုင်ငံ အငြင်းပွားမှုတွေ ဖြစ်ခဲ့။

ယူကရိန်းကို ချေးထားတဲ့ ကြွေးမြီ ဒေါ်လာ သန်း သုံးထောင်ကို ပြန်ရဖို့အတွက် ရုရှားက လန်ဒန်မြို့ တရားရုံးချုပ်မှာ အမှုဖွင့် တရားစွဲဆို လိုက်ပါတယ်။

အကြွေးတွေ ပြန်ဆပ်ရမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သဘောတူညီချက် မရခဲ့တဲ့အတွက် အခုလို တရားစွဲရတာ ဖြစ်တယ်လို့ ရုရှား ဘဏ္ဍာရေး ဝန်ကြီး အန်တန် စီလူယာနော့ဗ်က ပြောပါတယ်။

မော်စကိုက ထောက်ခံခဲ့တဲ့ ယူကရိန်း သမ္မတ ဗစ်တာ ယာနူကိုဗစ်ချ် ပြုတ်မကျမီ ဥရောပ သမဂ္ဂရဲ့ ကုန်သွယ်ရေး လွတ်လပ်ခွင့် သဘောတူညီချက်ကို ငြင်းပယ် ခဲ့ပြီးနောက် ရုရှားက ယူကရိန်းကို ၂၀၁၃ ခုနှစ်မှာ အဲဒီငွေတွေ ထုတ်ချေးခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ယူကရိန်း အစိုးရက အဲဒီ ကြွေးမြီတွေ ပြန်ပေးမှာ မဟုတ်ကြောင်း ကြေညာခဲ့ပြီး ဒီကိစ္စအတွက် တရား ရင်ဆိုင်ဖို့ အသင့်ပဲလို့ ပြောခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ရုရှားက ထုတ်ယူခဲ့ပြီး ကတည်းက ရုရှားနဲ့ ယူကရိန်းတို့ အကြား ရန်စောင် နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ