ကမ္ဘာ့စျေးအပေါဆုံး ဟန်းဆက် အိန္ဒိယမှာ ရောင်း

ဓာတ်ပုံ မူပိုင် AP
Image caption Freedom 251 ဟန်းဆက်ဟာ အက်ပဲလ်ရဲ့ အိုင်ဖုန်း ၄ နဲ့ ခပ်ဆင်ဆင် တူ။

ကမ္ဘာ့ စျေးအပေါဆုံး မိုဘိုင်း ဟန်းဆက်ကို အိန္ဒိယ ကုမ္ပဏီ တစ်ခုက စတင် ရောင်းချ လိုက်ပါတယ်။

Freedom 251 လို့ ခေါ်တဲ့ အဲဒီ ဟန်းဆက်ကို အိန္ဒိယ အခြေစိုက် Ringing Bells ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာ တစ်လုံးကို ၂၅၁ ရူပီ (၃.၆၇) ဒေါ်လာ နဲ့ စျေးကွက် တင်လိုက်တာ ဖြစ်ပြီး စတင် ရောင်းချတဲ့ နာရီပိုင်း အတွင်းမှာပဲ အတော်လေး အဝယ်လိုက် ခဲ့ပါတယ်။

အဲဒီ ဟန်းဆက်မှာ ၈ ဂီဂါဘိုက် သိုလှောင်နိုင်စွမ်း ရှိပြီး မျက်နှာ နှစ်ဘက်စလုံးမှာ ကင်မရာ ပါရှိပါတယ်။

ဒါပေမယ့် ဝေဖန်သူတွေကတော့ ကိရိယာရဲ့ အရည်အသွေးနဲ့ ကုမ္ပဏီရဲ့ စျေးနှုန်း သတ်မှတ်မှု ဗျူဟာတွေ အပေါ် မေးခွန်း ထုတ်ကြပါတယ်။

အိန္ဒိယ မိုဘိုင်းဖုန်း စျေးကွက်ဟာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စျေးကွက် ဖြစ်ပြီး မိုဘိုင်းဖုန်း အသုံးပြုသူပေါင်း သန်းတစ်ထောင် ရှိပါတယ်။

Freedom 251 ဟန်းဆက်ဟာ အိန္ဒိယ မိုဘိုင်းဖုန်း စျေးကွက်မှာ နေရာရနှင့်ပြီး ဖြစ်တဲ့ အပေါစား ဟန်းဆက်တွေကို ယှဉ်ပြိုင်ဖို့ ရည်ရွယ် ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ