ဒေါ်လာ ၄သောင်းတန် အိမ်သာကို သီရိဒုံ ထားသွား

ဓာတ်ပုံ မူပိုင် AFP
Image caption အိမ်သာကို သီတင်း နှစ်ပတ်လောက် အချိန်ယူ ဆောက်ခဲ့တယ်လို့ ဆို။

ကမ္ဘောဒီးယား နိုင်ငံကို အလည်လာတဲ့ ထိုင်းမင်းသမီး သီရိဒုံ အတွက် ရည်ရွယ် ဆောက်လုပ်ခဲ့တဲ့ ဒေါ်လာ လေးသောင်းလောက် ကုန်ကျခဲ့တဲ့ အိမ်သာကို မင်းသမီးက အသုံးမပြုဘဲ ထားသွားတယ်လို့ ကမ္ဘာဒီယား အရာရှိတွေက ပြောပါတယ်။

ကမ္ဘောဒီးယား အရှေ့မြောက်ပိုင်းက ယိခ်လုမ် ကန်ကို အလည်လာတဲ့ ထိုင်းမင်းသမီး သီရိဒုံက အဲဒီ အိမ်သာကို မသုံးခဲ့ပေမယ့် အိမ်သာ အဆောက်အအုံကိုတော့ ဓာတ်ပုံတွေ ရိုက်သွားတယ်လို့ သတင်းတွေ ရရှိပါတယ်။

အခုတော့ အထဲက အိမ်သာကို ဖယ်ရှားလိုက်ပြီ ဖြစ်ပြီး အဆောက်အအုံ ကိုတော့ ခရီးသွား ဧည့်သည်တွေ အတွက် ရုံးခန်းအဖြစ် သုံးဖို့ ထားခဲ့တယ်လို့ ဆိုပါတယ်။

ကျေးလက် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း အောက်သာ အိမ်သာရှိတဲ့ ကမ္ဘောဒီးယားမှာ ဒီသတင်းက ခေါင်းကြီးသတင်း ဖြစ်နေပါတယ်။

လေအေးစက် တပ်ထားတဲ့ အဲဒီ အိမ်သာကို သီရိဒုံ မင်းသမီးက ယိခ်လုမ် ကန်ကို နှစ်နာရီကြာ လည်ပတ်စဉ်အတွင်း လိုရမယ်ရ ဆောက်လုပ်ထားဖို့ တောင်းဆိုခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

အဲဒီအတွက် ကုန်ကျငွေကို ထိုင်းဘက်က ပေးခဲ့တယ်လို့ ကမ္ဘောဒီးယား အရာရှိတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ