အီဘိုလာ ကူးစက်ခံရပြီး အသက်ရှင်သန် ကျန်ရစ်ပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေ ခံစားနေရ

_ebola_ ဓာတ်ပုံ မူပိုင်
Image caption အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုဟာ အာဖရိက အနောက်ဘက် နိုင်ငံ တွေ တလွှား အဓိက ဖြစ်ပေါ် ခဲ့။

အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ခံရပြီး အသက်ရှင် ကျန်ရစ်သူ တွေ ကို လိုင်ဘေးရီးယား နိုင်ငံထဲ မှာ နောက်ဆက်တွဲ လေ့လာ ဆန်းစစ် မှု တွေ ပြုလုပ် ခဲ့တာ မှာ တချို့ ဟာ ဦးနှောက်ပိုင်း ဆိုင်ရာ ပြဿနာ တွေ ရှိနေတာကို တွေ့ ရပါတယ်။

လူ ၈၂ ယောက် ပါအုပ်စု ကို အမေရိကန် သုတေသီတွေ လေ့လာ ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ့ ၈၂ ယောက် ထဲမှာ တစ်ဝက်လောက်ဟာ ခေါင်းကိုက် ဝေဒနာ ၊ မှတ်ဉာဏ် ချို့ယွင်းမှု နဲ့ စိတ်ကျ တာတွေ ခံစား နေရပြီး၊ အားအင် ကုန်ခမ်း ပင်ပန်း နွမ်းနေသူ တွေ အရေအတွက် ကတော့ ၃ပုံ ၂ ပုံ လောက်ထိ ရှိနေတယ် လို့ ဆိုပါတယ်။

အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုဟာ အာဖရိက အနောက်ဘက် နိုင်ငံ တွေ တလွှား အဓိက ဖြစ်ပေါ် ခဲ့ပြီး၊ လူပေါင်း ၁ သောင်း ၁ ထောင် ကျော် သေဆုံးကာ၊ တစ်သောင်း ခုနှစ်ထောင် အသက်ရှင် ကျန်ရစ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ