ပိုလန်မှာ ဒီမိုကရေစီအရေး ဆန္ဒပြ

poland_protest
Image caption ပိုလန် လက်ရှိ အစိုးရဟာ တရားစီရင်ရေး လွတ်လပ်ခွင့် နဲ့ မီဒီယာ လွတ်လပ်ခွင့် တို့ အပေါ် ထိပါးနေပြီး ပိုပို အာဏာရှင် ဆန်လာတယ် လို့ ဆန္ဒပြသမားတွေက ပြော။

ပိုလန်နိုင်ငံရဲ့ လက်ျာ အစိုးရသစ် ကို ဝါဆော မြို့တော်မှာ လူတွေ သောင်း နဲ့ချီပြီး ဆန္ဒပြ နေကြပါတယ်။

ပိုလန် လက်ရှိ အစိုးရဟာ တရားစီရင်ရေး နဲ့ မီဒီယာ လွတ်လပ်ခွင့် တို့ အပေါ် ထိပါးနေပြီး ပိုမို အာဏာရှင် ဆန်လာ နေတယ် လို့ ဆန္ဒပြသမားတွေက ပြောပါတယ်။

ပိုလန် နိုင်ငံအတွင်း ဥပဒေစိုးမိုးနိုင်မှု အခြေအနေ အပေါ် စိုးရိမ်ကြောင်း ဥရောပ ကော်မရှင် ကလည်း ပြောနေပေမယ့် ပိုလန် အစိုးရကတော့ ဝေဖန်မှု အားလုံးကို ပယ်ချ ခဲ့ ပါတယ်။

ဆန္ဒပြ သမား တော်တော် များများဟာ ပိုလိန် သမ္မတဟောင်းလည်း ဖြစ်၊ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်လည်း ဖြစ်တဲ့ အလုပ်သမား အရေး တက်ကြွ လှုပ်ရှားသူ လက်ခ် ဗော်လက်ဆာ ရဲ့ နှုတ်ခမ်းမွှေး လိုမျိုး နှုတ်ခမ်းမွှေး အတုတွေ တပ်ဆင် ထားပြီး မစ္စတာ ဗော်လက်ဆာ ရဲ့ ဓာတ်ပုံတွေ ကိုလည်း ကိုင်ဆောင် ထားကြ ပါတယ်။

ပိုလန်နိုင်ငံမှာ ကွန်မြူနစ် တစ်ပါတီ စံနစ် ချုပ်ငြိမ်း သွားအောင် တွန်းလှန် ခဲ့ကြတာ တွေ ထဲ မစ္စတာ ဗော်လက်ဆာ ဟာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် ခဲ့ပေမယ့်၊ လက်ရှိ လက်ျာဝါဒီ အစိုးရကတော့ မစ္စတာ ဗော်လက်ဆာ ဟာ ကွန်မြုနစ် သူလျှို တစ်ဦး ဖြစ်တယ် ဆိုပြီး ပြောဆို နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ