ရွှေ့ပြောင်းသူတွေအပေါ် မျက်ရည်ယိုဗုံးသုံးတဲ့ မက်ဆီဒိုးနီးယား အာဏာပိုင်တွေ အဝေဖန်ခံနေရ

_macedonian
Image caption နယ်စပ်က သံဆူးကြိုး အရံအတား တွေကို ဖြိုချ တွန်းလှဲ။

မက်ဆီဒိုးနီးယား နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ ကလေးသူငယ်တွေ အပါအဝင် ရွှေ့ပြောင်း ဝင်ရောက် သူတွေ ကို တားဆီးရာမှာ မက်ဆီဒိုးနီးယား အာဏာပိုင် တွေက မျက်ရည်ယို ဗုံးတွေ အသုံးပြုခဲ့တဲ့ အပေါ် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ပြင်းပြင်းထန်ထန် ဝေဖန် လိုက်ပါတယ်။

ဥရောပ မြောက်ပိုင်း တိုင်းပြည်တွေကို သွားရောက်လိုကြတဲ့ ရွေ့ပြောင်းသူ အုပ်စုတစ်ခုဟာ ဂရိ နိုင်ငံဘက်က နေ မက်ဆီဒိုးနီးယား ထဲကို ဝင်ရောက်ဖို့ ကြိုးစား ခဲ့တာမှာ နယ်စပ်က သံဆူးကြိုး အရံအတား တွေကို ဖြိုချ တွန်းလှဲခဲ့ ကြပါတယ်။

မက်ဆီဒိုးနီးယား ရဲတွေ အသုံးပြုခဲ့တဲ့ မျက်ရည်ယိုဗုံး ဒဏ်ကြောင့် အသက် ၅ နှစ် အောက် အရွယ် အများစု ဖြစ်တဲ့ ကလေး ၁၁ ယောက်ကို ပြုစု ကုသ ပေး ခဲ့ရတယ် လို့ MSF ပြောခွင့်ရ Gemma Gillie က ဆိုပါတယ်။

ဂရိ နဲ့ မက်ဆီဒိုနီးယား နှစ်နိုင်ငံ နယ်စပ် အနီးက Idomeni အေဒိုမနီး ဆိုတဲ့ အရပ် မှာ ရွှေ့ပြောင်းသူ အယောက် ၇ ထောင် ဝန်းကျင် စုဝေး နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ