ဘရာဇီး သမ္မတဟောင်းကို ရဲက စစ်ဆေး

ဓာတ်ပုံ မူပိုင် Reuters

ဘရာဇီး နိုင်ငံမှာ အစိုးရပိုင် ရေနံကုမ္ပဏီ Petrobras ရဲ့ မသမာမှုတွေနဲ့ ဆက်နွယ်ပြီး သမ္မတဟောင်း လူလာ (Luiz Inacio Lula da Silva) ကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေး ခဲ့ပြီး သူ့ရဲ့ နေအိမ်ကိုလည်း စီးနင်း ရှာဖွေခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ၃ နာရီကြာ မေးမြန်းခဲ့ပြီးနောက် မစ္စတာ လူလာကို ပြန်လွှတ် ပေးခဲ့ပါတယ်။ မစ္စတာ လူလာကတော့ သူ့အပေါ် စွပ်စွဲမှုတွေကို ငြင်းဆို ပါတယ်။

ဘရာဇီး နိုင်ငံမှာ ပက်ထရို ဘရက်စ် ရေနံကုမ္ပဏီ အတွင်းက အကျင့်ပျက် ခြစားမှုတွေကို ကာလ အတန်ကြာ စုံစမ်း စစ်ဆေး နေတာ ဖြစ်ပါတယ်။

အသက် ၇၀ ရှိပြီဖြစ်တဲ့ မစ္စတာ လူလာဟာ တရားမဝင် ခံစားခွင့်တွေ ရယူခဲ့တဲ့ အထောက်အထားတွေ ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့် သူ့အပေါ် စွဲချက် တစုံတရာ စွဲဆိုတာတော့ မရှိသေးပါဘူး။

ရီယို ဒီဂျနေးရိုး၊ ဆော်ပေါ်လိုနဲ့ ဘာဟီယာ ပြည်နယ်တွေထဲမှာ ရှာဖွေဝရမ်း ၃၃ ခု၊ ဖမ်းဆီးဝရမ်း ၁၁ ခုနဲ့ ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဘရာဇီး အာဏာပိုင်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ