နျူလက်နက်တွေ အသင့်ပြင်ထားဖို့ ကင်ဂျုံအန်း ပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption နျူလက်နက်တွေ အသင့်ပြင်ထားဖို့ ကင်ဂျုအန်းက စစ်ရေး လေ့ကျင့်မှု တစ်ခုမှာ ပြောတယ်လို့ KCNA က ကြေညာ။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက သူတို့ရဲ့ နျူကလီးယား လက်နက်တွေကို အချိန်မရွေး ပစ်ခတ်နိုင်အောင် အသင့် ပြင်ထားဖို့ ပြောလိုက်တယ်လို့ မြောက်ကိုရီးယား သတင်းဌာနက ကြေညာ သွားပါတယ်။

ရန်သူကို လက်ဦးမှု ရအောင် ပစ်ခတ် တိုက်ခိုက်နိုင်ဖို့အတွက် အသင့် ပြင်ထားရမယ်လို့ ကင်ဂျုံအန်းက သူ့ရဲ့ စစ်ခေါင်းဆောင်တွေကို စစ်ရေး လေ့ကျင့်မှု တစ်ခုအတွင်းမှာ ပြောခဲ့ကြောင်း မြောက်ကိုရီးယား KCNA သတင်းဌာနက ပြောပါတယ်။

မြောက်ကိုရီးယားက အခုလို အာစလျှာစ ကောင်းနေပေမယ့် သူတို့ရဲ့ နျူလက်နက် အစီအစဉ် ဘယ်လောက်အထိ တိုးတက်နေပြီလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သုံးသပ်သူတွေကတော့ ဒုံးကျည် ထိပ်ဖူးမှာ ထည့်ပစ်နိုင်လောက်တဲ့ အသေးစား နျူထိပ်ဖူးတွေကို မြောက်ကိုရီးယား ပြုလုပ်နိုင်ပြီ ဆိုတာနဲ့ ပတ်သက်ပြီး သံသယ ရှိနေကြဆဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက အစောပိုင်းက နျူစမ်းသပ်မှုနဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေကို လုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂက ပြဋ္ဌာန်းခဲ့သမျှ ဒဏ်ခတ်မှုတွေ ထဲမှာ အပြင်းထန်ဆုံး ပိတ်ဆို့မှုတွေကို အသစ် ပြဋ္ဌာန်းခဲ့ပါတယ်။

အဲဒီ ပိတ်ဆို့မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ ကြာသပတေးနေ့မှာ မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည် ၆ ခုကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့ပါတယ်။

တောင်ကိုရီးယား ကတော့ ဒုံးကျည် ကာကွယ်ရေး စနစ်တစ်ခုကို တပ်ဆင်နိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ဒီကနေ့ သောကြာနေ့မှာ စတင် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ