အိုဂျေဆင်မ်ဆန် နေအိမ်ဟောင်း ဝင်းထဲက တွေ့တဲ့ ဓားကို စစ်ဆေးနေ

_sp_ojsimpson_ ဓာတ်ပုံ မူပိုင် Reuters
Image caption လာ့စ် ဗေးဂတ်စ် မြို့ ဟိုတယ် တစ်လုံးမှာ လက်နက်ကိုင် ဆောင် ဓားပြတိုက် မှု အတွက် အိုဂျေ ဆင်မ်ဆန် ဟာ ထောင်ကျ နေပါတယ်။

အမေရိကန် ပြည်ထောင်စု မှာ နာမည်ကျော် American football ကစားသမား တစ်ဦး ဖြစ်ခဲ့တဲ့ အိုဂျေ ဆင်မ်ဆန် တခါက ပိုင်ဆိုင် ခဲ့တဲ့ နေအိမ် ဝင်းထဲ က တွေ့ ရှိ ခဲ့တာ လို့ ဆိုတဲ့ ဓား တစ်ချောင်း ကို လော့စ်အိန်ဂျလိစ် မြို့ က မှုခင်း သိပ္ပံ ပညာရှင် တွေ စစ်ဆေး နေကြပါတယ်။

မစ္စတာ ဆင်မ်ဆန် က သူ့ရဲ့ ဇနီးဟောင်း ဖြစ်သူနဲ့ အဲဒီ့ ဇနီးဟောင်း ရဲ့ အမျိုးသား မိတ်ဆွေ တစ်ဦး ကို သတ်ဖြတ် ခဲ့ တယ် လို့ စွပ်စွဲ ခံခဲ့ ရတာ မှာ အခု တွေ့ လာရတဲ့ ဓားဟာ အခင်းဖြစ် ခဲ့စဉ် က အသုံးပြု ခဲ့တဲ့ ဓား ဖြစ်နိုင်တယ် ဆိုပြီး သတင်းတွေ က ဆိုပါတယ်။

အဲဒီ့ ဓား ရှိနေတာကို ရဲတပ်ဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ လ က စပြီး သိရှိ ခဲ့တာ ဖြစ်ပြီး ဆောက်လုပ်ရေး အလုပ်သမား တစ်ဦးက ရဲတပ် ဖွဲ့ ကို ပေးအပ် ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ရ ပြောခွင့်ရ Captain Andrew Neiman က ပြောပါတယ်။

အဲဒီ့ နှစ်လောင်းပြိုင် လူသတ်မှု နဲ့ ပတ်သက်ပြီး ၁၉၉၅ ခုနှစ် မှာတော့ အိုဂေျ ဆင်မ်ဆန် ကို အပြစ်မရှိ ကြောင်း ဆုံးဖြတ် ခဲ့ပေမယ့် နောက်ပိုင်း သေဆုံးခဲ့သူတွေ အတွက် တာဝန် ရှိတယ် ဆိုတဲ့ တရားမမှု မှာ တော့ မစ္စတာ ဆင်မ်ဆန် ရှုံးနိမ့် ခဲ့ပါတယ်။

လောလောဆယ် မှာတော့ လာ့စ် ဗေးဂတ်စ် မြို့ ဟိုတယ် တစ်လုံးမှာ လက်နက်ကိုင် ဆောင် ဓားပြတိုက် မှု အတွက် အိုဂျေ ဆင်မ်ဆန် ဟာ ထောင်ကျ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ