ဒေါ်နယ်ထရမ့် ဟောပြောပွဲ ဖျက်သိမ်း

ဓာတ်ပုံ မူပိုင် Reuters
Image caption ထရမ့် ထောက်ခံသူနဲ့ ဆန့်ကျင်သူတွေကြား အပြန်အလှန် အော်ဟစ်နေကြ

ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ရွေးပွဲမှာ ထိပ်ကပြေးနေတဲ့ ဒေါ်နယ်ထရမ့် ရဲ့ချီကာဂို ဟောပြောပွဲကို ရုန်းရင်းဆန်ခတ်မှုတွေကြောင့် ဖျက်သိမ်း လိုက်ရပါတယ်။

ထရမ့်ကိုထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြားရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အကြမ်းဖက်တာတွေဆက်ဖြစ်လာနိုင်တဲ့ အတွက် အခုလို ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာပါ။

ထရမ့် ဟောပြောပွဲဖို့ရှိတဲ့ ချီကာဂိုမြို့ အီလီနွိုက်စ် တက္ကသိုလ်ရှေ့ မှာ သူ့ ကိုဆန့်ကျင်သူ ရာပေါင်း များစွာ ရောက်ရှိလာပြီး နောက် ထောက်ခံသူနဲ့ ဆန့်ကျင်သူတွေ အကြား ရုန်းရင်းဆန်ခတ်မှု တွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အီလီနွိုက်စ် တက္ကသိုလ်မှာ ကျင်းပမယ့် ဟောပြောပွဲ ဖျက်သိမ်းပြီးနောက် ဒေါ်နယ်ထရန့်ပ်ကို ဆန့်ကျင် သူ တွေက ကျောင်းဝင်း ပြင်ပမှာ သူ့ကို လူမျိုးရေး ခွဲခြားသူတစ်ဦးဖြစ်ကြောင်း ကိုလည်း အော်ဟစ် ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လူတွေဟာ နိုင်ငံစီးပွားရေး မကောင်းလို့ တုန့်ပြန်တဲ့ အနေနဲ့ သူ့ကို အာရုံစိုက်ပြီး ဆန့်ကျင်ကြတာ ဖြစ်ပြီး သူ့ရဲ့လွတ်လပ် စွာပြောဆိုမှု အခွင့်အရေးကို ချိုးဖောက်ခံ ရတာလို့ ထရမ့်ကတုန့်ပြန်ပါတယ်။