တူရကီမြို့တော်မှာ အင်အားပြင်းတဲ့ ကားဗုံးကွဲ

_turkey
Image caption မြို့လည် လူစည်ကားရာ ကီဇီလိုင် ဆိုတဲ့ အရပ်မှာ ပေါက်ကွဲ ခဲ့။

တူရကီ နိုင်ငံ မြို့တော် အဲန်ကာရာ မှာ ကားဗုံး ခွဲ တိုက်ခိုက် ခံခဲ့ရတဲ့ အတွက် အနည်းဆုံး လူ ၃၄ ယောက် သေဆုံးပြီး ၁၂၅ ယောက် ဒဏ်ရာ ရသွားတယ် လို့ ပြည်ထဲရေး ဝန်ကြီး Mehmet Muezzinoglu က ပြောပါတယ်။

အဲန်ကာရာ မြို့လည် လူစည်ကားရာ ကီဇီလိုင် ဆိုတဲ့ အရပ်မှာ ပေါက်ကွဲ ခဲ့တဲ့ အဲဒီ့ ကားဗုံးဟာ အင်အား ပြင်းထန်ပြီး မြို့တော်ရဲ့ တခြား နေရာ အစိတ်အပိုင်း တွေကပါ ဗုံးကွဲသံကို ကြားခဲ့ ရတဲ့ အပြင် ဧရာမ မီးခိုးလုံး ကြီး ကောင်းကင်ကို ထိုးတက် နေတာကိုလည်း တွေ့မြင် ခဲ့ရပါတယ်။

ဗုံးကွဲ အပြီး သေနတ် ပစ်ခတ်မှု တွေ ဖြစ်ပေါ် ခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက် နေပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း အဲန်ကာရာ မှာ ဗုံးပေါက်လို့ လူ ၃၀ နီးပါး သေဆုံး ခဲ့ရပြီး ကာ့ဒ် လက်နက်ကိုင်တွေ ရဲ့ လက်ချက် ဆိုပြီး တူရကီ အာဏာပိုင် တွေက စွပ်စွဲခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ