ဘရပ်ဆဲလ်မှာ အသေဖမ်းမိခဲ့သူကို ဖော်ထုတ်နိုင်

ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ခန်းကို စီးနင်းချိန်အတွင်း အပြန်အလှန် ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့။

အင်္ဂါနေ့က ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် မြို့မှာ အကြမ်းဖက်သမားတွေလို့ သံသယရှိသူတွေရဲ့ တိုက်ခန်းကို ဝင်ရောက် စီးနင်းခဲ့ချိန်က အသေ ဖမ်းမိခဲ့သူဟာ အယ်လ်ဂျီးရီးယား နိုင်ငံသား မိုဟာမက် ဘဲလ်ကိတ် ဆိုသူ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဘရပ်ဆဲလ်မြို့ ဆင်ခြေဖုံးက တိုက်ခန်းကို အင်္ဂါနေ့က ဝင်ရောက် စီးနင်းစဉ် အတွင်း အဲဒီလူကို စနိုက်ပါနဲ့ ပစ်ခတ် ဖမ်းဆီးခဲ့တာပါ။

စီးနင်းရာမှာ ပြန်လည် ခုခံတဲ့အတွက် ရဲအရာရှိအချို့ ဒဏ်ရာ ရခဲ့ကြပြီး၊ သံသယရှိသူ နှစ်ဦးလည်း ထွက်ပြေး လွတ်မြောက် သွားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာက လူ ၁၃၀ သေဆုံးခဲ့ရတဲ့ ပဲရစ်မြို့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုအရ အဲဒီ တိုက်ခန်းကို ရဲတွေ စီးနင်း ခဲ့ကြတာ ဖြစ်ပါတယ်။

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က ပဲရစ် တိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာလို့ ပြောထားပါတယ်။

အဲဒီ တိုက်ခန်းကနေ IS အဖွဲ့ အလံတစ်ခု၊ ရှေးဟောင်း အစ္စလာမ် စာတွေနဲ့ ခဲယမ်း မီးကျောက်တွေကို တွေ့ခဲ့တယ်လို့ အမှုစွဲ ရှေ့နေတွေရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

အသေ ဖမ်းမိခဲ့တဲ့ အဲဒီ အယ်လ်ဂျီးယား နိုင်ငံသားဟာ ဘယ်လ်ဂျီယံမှာ တရားမဝင် နေထိုင်နေသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ