တူရကီမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဗုံးပေါက်ကွဲရာ နေရာတစ်ဝိုက်ကို ရဲတပ်ဖွဲ့က ရှင်းလင်းနေစဉ်

တူရကီနိုင်ငံ အစ္စတန်ဘူမြို့ မြို့လယ် လူစည်ကားရာနေရာတစ် ဝိုက်မှာ အသေခံဗုံးပေါက်ကွဲမှုတစ် ခုဖြစ်ပွားခဲ့ ရာ လူ ၄ဉီးထက်မနည်း သေဆုံးခဲ့ပါတယ်။

၂၀ကျော် ဒဏ်ရာရခဲ့ပြီး ၃ဉီးကတော့ စိုးရိမ်ရပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အစ္စတစ်ခ်လာ လမ်းဟာ ရုံးပိတ်ရက် ဖြစ်လို့ လူစည်ကားနေတဲ့ အချိန်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကလည်း မြို့တော် အန်ကာရာမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ၂၇ဉီး သေဆုံးခဲ့ပါသေးတယ်။အဲဒီပေါက်ကွဲမှုကို ကာ့ဒ်သူပုန် အဖွဲ့ TAK က သူတို့လက်ချက်လို့ ဝန်ခံလိုက်ပြီး တူရကီစစ်တပ်က ကာ့ဒ်သူပုန် တွေကို ထိုးစစ်ဆင်တာကို လက်စားချေတာလို့ပြောပါတယ်။

တူရကီမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွား နေပြီး ပြီးခဲ့တဲ့လက အန်ကာရာမှာ တူရကီအစိုးရစစ်တပ်ကားတန်း ဗုံးခွဲတိုက်ခိုက်ခံရပြီး ၂၈ဉီးသေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၂၀၁၅တုန်းကလည်း အန်ကာရာမှာလုပ်တဲ့ ကာ့ဒ်ငြိမ်းချမ်းရေးဆန္ဒပြပွဲမှာ အသေခံဗုံးခွဲမှု၂ကြိမ်ဖြစ်ပွားခဲ့လို့ လူ၁၀၀ကျော် သေဆုံးခဲ့ပါတယ်။