အိုဘားမား ကျူးဘားမှာ စကားပြော

obama ဓာတ်ပုံ မူပိုင် AFP
Image caption ကျူးဘားကို ပိတ်ဆို့မှု ပြန်ရုပ်ပေးချိန် တန်ပြီ

အမေရိကန် သမ္မတ အိုဘားမား ရဲ့ သမိုင်းဝင် ကျူးဘား ခရီးစဉ် အဆုံးသတ်နေ့မှာ အိုဘားမား က ရုပ်သံကနေ တိုက်ရိုက် မိန့်ခွန်း ပေးခဲ့ပါတယ်။

ကျူးဘား နိုင်ငံသားတွေ အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြောင်းလဲမှုတွေ ဖော်ဆောင်သင့်တယ်လို့ သူက ဆိုပါတယ်။

စစ်အေးခေတ် အကြွင်းအကျန်တွေကို မြေမြှုပ်ပြီး ဆက်ဆံရေးတွေ တိုးမြှင့်ချင်တယ်၊ အမေရိကန် ကွန်ဂရက် အနေနဲ့ ကျူးဘားကို ပိတ်ဆို့မှုတွေ ချထားတာကို ပြန်ရုပ်ပေးချိန် တန်ပြီလို့ အိုဘားမားက ဆိုပါတယ်။

မိန့်ခွန်း ပေးပြီးတဲ့နောက် ကျူးဘား နိုင်ငံရေး အတိုက်အခံတွေနဲ့ အိုဘားမား သီးသန့် တွေ့ဆုံ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ