ဘရပ်ဆဲလ် လေဆိပ်ကို ဆက်ပိတ်ထား

ဓာတ်ပုံ မူပိုင် PA
Image caption ဗုံးပေါက်ကွဲမှုအပြီး ဇဗန်တမ် လေဆိပ်အခြေအနေ

ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရတဲ့ ဘရပ်ဆဲလ် နိုင်ငံတကာလေဆိပ် ဇဗန်တမ်ကို အင်္ဂါနေ့ မတိုင်မီအထိ ပိတ်ထားမယ် လို့တာဝန်ရှိတဲ့ သူတွေက ပြောပါတယ်။

ဘရပ်ဆဲလ်မြို့မှာ လူ၃၁ယောက်သေဆုံး ခဲ့တဲ့ တိုက်ခိုက်ခံရမှုအပြီးနောက်ပိုင်း အခုလို လေဆိပ်ကို ဆက်ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

မတ်လ၂၂ရက်တုန်းက တိုက်ခိုက်ခံခဲ့ရမှုမှာ ပထမဆုံးပစ်မှတ်ဖြစ်ခဲ့တဲ့ ဇဗန်တမ်လေဆိပ်ရဲ့ ထွက်ခွာခန်းမထဲမှာ အသေခံဗုံးခွဲမှု ၂ကြိမ်ဖြစ်ခဲ့ ပွားခဲ့တာဖြစ်ပါတယ်။

လေဆိပ်ပေါက်ကွဲမှုဖြစ်အပြီး တစ်နာရီအကြာမှာ မက်ထရိုဘူတာရုံမှာ ပေါက်ကွဲမှုထပ်ဖြစ်ခဲ့ပြီး အဲဒီမှာ လူ၂၀သေဆုံးခဲ့ပါတယ်။

ပဲရစ်တိုက်ခိုက်မှုနဲ့ အဖမ်းခံထားရတဲ့ ဆာလာအက်ဒီစလာမ် ကို ဘရပ်ဆဲလ် ဗုံးကွဲမှုနဲ့ပတ်သက်လို့ စစ်ဆေးမြန်းခဲ့ပေမယ့် သူဘာမှမပြောနိုင်ဘူးလို့ငြင်း တဲ့အကြောင်း အစိုးရရှေ့ နေတွေက ပြောပါတယ်။

တရားရုံးအမိန့်အရ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ဖို့ရှိနေပြီး ပြင်ဆင်ဖို့တွေ ရှိနေသေးတဲ့အတွက် လေဆိပ်ကို ဆက်ပိတ်ထားရတာဖြစ်တယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ပြောထားပါတယ်။

ဘရပ်ဆဲလ်တိုက်ခိုက်မှုအပြီး ရှာဖွေဖမ်းဆီးမှုတွေကို ရဲတပ်ဖွဲ့က ဆက်တိုက်လုပ်ခဲ့ပြီး ဘယ်လ်ဂျီယမ်၊ပြင်သစ်နဲ့ဂျာမနီတို့မှာ တိုက်ခိုက်မှုနဲ့ ဆက်နွယ်တယ်လို့ ယူဆရသူ ၁၂ဉီးကို ဖမ်းဆီးထားပြီးပါပြီ။