လာဟိုးတိုက်ခိုက်မှုကြောင့် ဘာသာရေးတွေကြား သွေးမကွဲစေရဘူးလို့ ဝန်ကြီးချုပ်ပြော

lahore_blast ဓာတ်ပုံ မူပိုင်
Image caption လူ ၇၂ ယောက် သေဆုံး ခဲ့ရတဲ့ အီစတာ တနင်္ဂနွေ နေ့ တိုက်ခိုက်မှု အတွက် လက်တုံ့ပြန်မှာ ဖြစ်တယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ပါကစ္စတန် နိုင်ငံ လာဟိုး မြို့မှာ ခရစ်ယာန် အသိုင်းအဝိုင်းကို ပစ်မှတ် ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပေါ် ခဲ့ပေမယ့် တိုင်းပြည်ထဲက ဘာသာရေးတွေ အကြား သွေးခွဲဖို့ ကြိုးစားတဲ့ အကြမ်းဖက် သမားတွေ မအောင်မြင် စေရဘူး ဆိုပြီး ပါကစ္စတန် ဝန်ကြီးချုပ် နာဝါ့ဇ် ရှရစ်ဖ် က ပြောလိုက်ပါတယ်။

လူ ၇၂ ယောက် သေဆုံး ခဲ့ရတဲ့ အီစတာ တနင်္ဂနွေ နေ့ တိုက်ခိုက်မှု အတွက် လက်တုံ့ပြန်မှာ ဖြစ်တယ် ဆိုပြီးတော့လည်း မစ္စတာ ရှရစ်ဖ်က တိုင်းပြည်ကို ရုပ်မြင်သံကြားက ပြောကြားတဲ့ မိန့်ခွန်းထဲ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

လာဟိုးမြို့ ပန်းခြံကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့တာဟာ သူတို့လက်ချက် ဖြစ်တယ် ဆိုပြီး ပါကစ္စတန် တာလီဘန် ကန ခွဲထွက်ခဲ့တဲ့ ဂျမာအတ် အူလ် အဟာရာ အဖွဲ့က ကြေညာ ထားပါတယ်။

တိုက်ခိုက်ခံရမှု နဲ့ ပတ်သက်ပြီး ပါကစ္စတန် အာဏာပိုင်တွေ စုံစမ်း စစ်ဆေး နေတာမှာ လူ တော်တော် များများ ဖမ်းဆီးခဲ့ပြီး၊ လက်နက်တွေ လည်း သိမ်းဆည်း ရမိ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ