အမေရိကန် လွှတ်တော် အဆောက်အဦမှာ ပစ်ခတ်မှုဖြစ်

_sp_angry_american_capitol_ ဓာတ်ပုံ မူပိုင် Getty
Image caption The Capitol ထဲ လေ့လာ ချင်သူတွေ ဝင်ရောက်ရာ ဧည့်သည် ခန်းမဆောင်မှာ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ အစောပိုင်း သတင်းတွေ က ဆိုပါတယ်။

အမေရိကန် ကွန်ဂရက်စ် လွှတ်တော် အဆောက်အဦ ဖြစ်တဲ့ ဝါရှင်တန် မြို့တော်က the Capitol မှာ ပစ်ခတ်မှု ဖြစ်ခဲ့ပြီး နောက်ဆုံး ဝင်လာတဲ့ သတင်းအရ သေနတ်သမားကို ဒဏ်ရာနဲ့ လက်ရ ဖမ်းမိပြီလို့ ဆိုပါတယ်။

ရဲအရာရှိ တစ်ဦး နဲ့ အနီးနားက အမျိုးသမီး တစ်ဦးလည်း သေနတ်ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

The Capitol ထဲ လေ့လာ ချင်သူတွေ ဝင်ရောက်ရာ ဧည့်သည် ခန်းမဆောင်မှာ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ အစောပိုင်း သတင်းတွေ က ဆိုပါတယ်။

ဒီ အဖြစ်အပျက်ကြောင့် သမ္မတရဲ့ အိမ်ဖြူတော်ကိုလည်း အဝင်အထွက် ခွင့်မပြုတော့ပဲ ပိတ်ချခဲ့ရပြီး နောက်ပိုင်းမှာတော့ အဲဒီ့ လုံခြုံရေး အဆင့်အတန်းကနေ ပြန်လည် လျှော့ချ လိုက်ပါတယ်။

The Capitol ကို လုံခြုံရေး ယူပေးနေတဲ့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရ အမျိုးသမီး အရာရှိ က ပစ်ခတ်မှု နဲ့ ပတ်သက်ပြီး မှတ်ချက် တစုံတရာ လတ်တလောမှာ မပြောနိုင်ပေမယ့် မကြာခင် ထုတ်ပြန်ချက် တစ်စောင် ထွက်ပေါ် လာလိမ့်မယ်လို့ ပြောပါတယ်။

လွှတ်တော် ခေတ္တ ရပ်နားထားချိန် ဖြစ်တဲ့ အတွက် အဆောက်အဦထဲမှာ အမတ်တွေ အရေအတွက် သိပ် မရှိလှဘူးလို့ ယူဆရပေမယ့် The Capitol ဟာ လာရောက် လည်ပတ်သူများတဲ့ အဓိက နေရာ ထဲ ပါဝင်ပါတယ်။

သေနတ်သမားက ဘာ့ကြောင့် ပစ်ခတ်မှု ကျူးလွန်ရသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ