တောင်အာဖရိက သမ္မတ ဇူးမား အမှု စီရင်ချက်ချ

zuma ဓာတ်ပုံ မူပိုင် Getty
Image caption ကိုယ်ပိုင်အိမ်ကို အစိုးရ ငွေနဲ့ ဒေါ်လာ သန်းချီ အကုန်ခံ ပြင်ခဲ့

တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူးမား သူ့ ကိုယ်ပိုင်အိမ်ကို အစိုးရ ငွေနဲ့ ဒေါ်လာ သန်းချီ အကုန်ခံ ပြင်ခဲ့တဲ့အတွက် တောင်အာဖရိက တရားရုံးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချ ခဲ့ပါတယ်။

အစိုးရ ရဲ့ အကျင့်ပျက် ခြစားမှု စောင့်ကြည့်ရေး အဖွဲ့က တွေ့ရှိချက်တွေကို မစ္စတာ ဇူးမားက လျစ်လျူရှု ထားခဲ့တဲ့ အတွက် အခြေခံဥပဒေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားသူကြီးတွေက ဆိုပါတယ်။

သမ္မတ ကိုယ်ပိုင်အိမ်မှာ ဧည့်သည်ဆောင်၊ လေဟာပြင် ဇာတ်ရုံ၊ ရေကူးကန်နဲ့ နွားခြံ ကြက်ခြံတွေ ဆောက်တဲ့ ကုန်ကျငွေတွေကို ဘဏ္ဍာရေး ဌာနက တွက်ချက်ပြီး တင်သွင်းဖို့၊ ဒီငွေတွေကို သမ္မတက နိုင်ငံတော်ကို ပြန်ပေးဖို့ တောင်အာဖရိက တရား သူကြီးချုပ် Mogoeng Mogoeng က အမိန့်ချ ခဲ့ပါတယ်။

မစ္စတာ ဇူးမား ဒီဆုံးဖြတ်ချက်ကို လိုက်နာမှာပါလို့ တောင်အာဖရိက အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ပါတယ်။

အဓိက အတိုက်အခံ ပါတီ ၂ ခုက နေပြီး မစ္စတာ ဇူးမား ရာထူးက ဆင်းပေးဖို့လည်း တောင်းဆို ထားပါတယ်။

အာဖရိက အမျိုးသား ကွန်ဂရက် ခေါင်းဆောင် ၆ ယောက် ဒီအတွက် မကြာခင်မှာ ဆွေးနွေး ကြဖို့ ရှိပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ