ဆီးရီးယားမြို့ အယ်လ်ရိုင်းကနေ IS တွေ ဆုတ်ခွာရပြီ

aleppo_hospital_bombing_ ဓာတ်ပုံ မူပိုင် Getty
Image caption အလက်ပ်ပိုနယ် ထဲက အယ်လ်-ရိုင်း ဆိုတဲ့ မြို့ဟာ တူရကီ နယ်စပ် ကို သွားရာ လမ်းကြောင်း ပေါ် ရှိပြီး မဟာဗျုဟာ အချက်အချာ ကျ။

ဆီးရီးယား နိုင်ငံ မြောက်ပိုင်း၊ အလက်ပ်ပိုနယ် ထဲက အယ်လ်-ရိုင်း ဆိုတဲ့ မြို့ မှာ ဆီးရီးယား သူပုန် တပ်ဖွဲ့ တွေ နဲ့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင် တွေ အကြား ရက် အတန်ကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ ပြီးတဲ့နောက် အခုဆိုရင် IS တွေ မြို့ထဲ ကနေ ဆုတ်ခွာ သွားရပြီ ဖြစ်ပါတယ်။

အယ်လ်-ရိုင်း မြို့ဟာ တူရကီ နယ်စပ် ကို သွားရာ လမ်းကြောင်း ပေါ် ရှိပြီး မဟာဗျုဟာ အချက်အချာ ကျတဲ့ အတွက် IS တွေ ခြေကုပ် ယူထား ခဲ့ရာ နေရာ ဖြစ်ပါတယ်။

IS တွေကို အယ်လ်-ရိုင်း မြို့ ကနေ တိုက်ထုတ် လိုက်နိုင်တဲ့ ဆီးရီးသူပုန် တွေ ဟာ ဘာသာရေး အစွန်း မရောက်ပဲ အလယ်အလတ် သဘောထား ရှိတဲ့ အုပ်စု တွေ စုပေါင်းပြီး ဆီးရီးယား လွတ်မြောက်ရေး တပ် ဆိုတဲ့ နာမည် အောက် တိုက်ခိုက် နေကြသူ တွေ ဖြစ်ပါတယ်။

အဲဒီ့ သူပုန်တပ်ပေါင်းစု ဟာ တူရကီ ကနေ တဆင့် လက်နက် ခဲယမ်းမီးချောက် အထောက် အပံ့တွေ ရရှိ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ