IS ပြန်ပေးဆွဲထားတဲ့ အလုပ်သမား၅၀ကို သတ်လိုက်ပြီ။

ဓာတ်ပုံ မူပိုင် .
Image caption ႈIS လက်နက်ကိုင်တွေ ပြန်ပေးဆွဲထားတဲ့ အလုပ်သမားတွေထဲက ရှီအာနဲ့ အားလွိုက် ဘာသာဝင်တွေ ကွပ်မျက်ခံခဲ့ရ

ဆီရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့ အရှေ့ပိုင်းမှာ ရှိတဲ့ ဘိလပ်မြေ စက်ရုံတခုကနေ IS အစ္စလာမစ် နိုင်ငံ အဖွဲ့ လက်နက်ကိုင်တွေ ပြန်ပေးဆွဲသွားတဲ့ အလုပ်သမားတွေထဲက အလုပ်သမား ၅၀ အခုအခါ အသတ်ခံလိုက်ရပြီလို့ သတင်းတွေအရ သိရပါတယ်။

အဲဒီ အလုပ်သမားတွေထဲက ဘာသာခြားတွေကို ခွဲထုတ်ပြီး ရှီအာနဲ့ အားလွိုက်တ်စ် တွေကို ကွပ်မျက် ခဲ့တယ်လို့ ပြန်ပေးဆွဲခံရသူ အလုပ်သမားတဦးရဲ့ ဆွေမျိုးတဦးက ဘီဘီစီကို ပြောပါတယ်။

ဆွန်နီမွတ်ဆလင် ၁၄၀ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ကျန်တဲ့ ဓါးစာခံ တရာလောက်ကိုတော့ ဘတ်စ်ကားတွေနဲ့ IS တွေ ထိန်းချုပ်ရာ နေရာတွေကို ခေါ်သွားတယ်လို့ ယူဆရပါတယ်။