ဒေါ်အောင်ဆန်းစုကြည် မျက်စိ အတွင်းတိမ် ခွဲစိတ်

ဓာတ်ပုံ မူပိုင် AP
Image caption အလုပ်တွေ မအားလပ်တဲ့အတွက် မျက်စိ အတွင်းတိမ် ခွဲစိတ်ကုသခံဖို့ အချိန် ရွှေ့ဆိုင်းထားခဲ့ရ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်စိ အတွင်းတိမ်ကို နေပြည်တော် ဆေးရုံမှာ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါ်ခင်ဥမ္မာခိုင်က ခွဲစိတ် ကုသပေးခဲ့ရာမှာ အောင်မြင်စွာ ပြီးစီးခဲ့ပါတယ်။

မျက်စိ ခွဲစိတ်ကုသဖို့ စီစဉ်ထားတာ ကြာပြီ ဖြစ်ပေမယ့် အလုပ်အားရက်ကို တိုက်ပြီး အခုမှ ခွဲဖြစ်တာလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ ခေါင်းဆောင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

လာမယ့် ဧပြီလ ၁၆ရက်နေ့မှာ ကျန်တဲ့ တဖက်ကို ထပ်မံ ခွဲစိတ်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

အခုအခါ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် နေအိမ်မှာ အနားယူနေတယ်လို့ သိရပါတယ်။