ဝိုင်အိုမင်းပြည်နယ်မှာ ဘာနီဆဲန်ဒါးစ် အနိုင်ရ

_bernie_sanders_
Image caption မစ္စတာ ဆဲန်ဒါစ် အနေနဲ့ နောက်ဆုံး ပြုလုပ် ခဲ့တဲ့ ပြည်နယ် ၈ ပြည်နယ် ထဲက ပြည်နယ် ၇ ခုမှာ အနိုင်ရ လိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်တစ် ပါတီကို ကိုယ်စားပြုပြီး ဘယ်သူ သမ္မတ လောင်း ဖြစ်လာ မလဲ ဆိုတာကို ပြည်နယ် အလိုက် ရွေးကောက်ပွဲတွေ ပြုလုပ် နေတာမှာ အခု လတ်တလော ပြုလုပ် ခဲ့တဲ့ အနောက်ဘက် ပြည်နယ် တစ်ခု ဖြစ်တဲ့ ဝိုင်အိုမင်း ကော့ကပ်စ် မှာတော့ ဘာနီဆဲန်ဒါစ်က ပြိုင်ဘက် ဟီလာရီ ကလင်တန်ကို အနိုင်ယူ လိုက်ပါတယ်။

ဒါဟာ မစ္စတာ ဆဲန်ဒါစ် အနေနဲ့ နောက်ဆုံး ပြုလုပ် ခဲ့တဲ့ ပြည်နယ် ၈ ပြည်နယ် ထဲက ပြည်နယ် ၇ ခုမှာ အနိုင်ရ လိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် စုစုပေါင်း ရလာဒ်တွေ မှာတော့ ဟီလာရီ ကလင်တန်က ရှေ့က ဦးဆောင် နေဆဲ ဖြစ်ပါတယ်။

အခုတော့ ပြိုင်ဘက် နှစ်ဦးဟာ လာမယ့် ၁၀ ရက် အတွင်း တွေ့ရတော့ မယ့် အရေးပါလှတဲ့ နယူးယောက် ပရိုင်မာရီ ရွေးကောက်ပွဲ အတွက် အာရုံစိုက် ရတော့မှာ ဖြစ်ပါတယ်။

ရီပတ်ဘလေကဲန် ပါတီဘက် ကြည့်ရင်တော့ ဒေါ်နယ်ထရမ့်က ရှေ့ ကပြေးနေ ပေမယ့် တက်ဒ်ခရုဇ် က ကော်လိုရာဒို ပြည်နယ် အတွင်း အောင်မြင်မှု တွေ ရခဲ့ပြီး ဆက်တိုက် ဖိအား ပေး နိုင်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ