ဘရာဇီး သမ္မတကို ဖယ်ရှားနိုင်ဖို့ စုံစမ်း မေးမြန်းမှုတွေ ပြုလုပ်မှာလား

dilma_rousseff_ ဓာတ်ပုံ မူပိုင် Getty
Image caption သမ္မတ ရူးဆက်ဖ်ဟာ အစိုးရ အသုံးစားရိတ် ဘတ်ဂျက်လိုငွေ ပြနေတာတွေကို ဖုံးကွယ်ဖို့ ငွေစာရင်း တွေကို မမှန်မကန် ပြုပြင် ခဲ့တယ် လို့ စွပ်စွဲ ခံနေရ။

ဘရာဇီး သမ္မတ ဂျီးလ်မား ရူးဆက်ကို ရာထူး ကနေ ဖယ်ရှား နိုင်တဲ့ အထိ အရေးယူ နိုင်တဲ့ တရားဝင် စစ်ဆေး မေးမြန်း တဲ့ လုပ်ငန်းစဉ် လုပ်ဆောင် မလား ဆိုတဲ့ အပေါ် သဘောထား မှတ်ချက် တစ်ရပ် ပြုလုပ်နိုင်ဖို့ ကွန်ဂရက်စ် လွှတ်တော် ကော်မတီ အတွင်း အကြိတ်အနယ် ဆွေးနွေး နေကြ ပါတယ်။

သမ္မတ ရူးဆက်ဖ်ဟာ အစိုးရ အသုံးစားရိတ် ဘတ်ဂျက်လိုငွေ ပြနေတာတွေကို ဖုံးကွယ်ဖို့ ငွေစာရင်း တွေကို မမှန်မကန် ပြုပြင် ခဲ့တယ် လို့ စွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။

မစ္စ ရူးဆက်ဖ်ကတော့ စွပ်စွဲမှု တွေ ကို ငြင်းဆိုထားတဲ့ အပြင်၊ အခု စွပ်စွဲ နေတဲ့ အကြောင်းကိစ္စကလည်း သမ္မတ တစ်ယောက်ကို စစ်ဆေး မေးမြန်း နိုင်လောက်တဲ့ ပြစ်ချက် မျိုး မဟုတ်ဘူးလို့ ခုခံ ကာကွယ် ပြောဆို နေပါတယ်။

မစ္စ ရူးဆက်ဖ်ကို သမ္မတ ရာထူးက ဖယ်ရှားဖို့ ရည်ရွယ်ပြီး စစ်ဆေး မေးမြန်းမှု တွေ လုပ်ဆောင်မလား ဆိုတာကို အခု သီတင်းပတ် နှောင်းပိုင်း မှာ အောက်လွှတ်တော် အတွင်း မဲခွဲ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

အနည်းဆုံး ၃၃ မဲရမှ ရှေ့ဆက် ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ