မြောက်ကိုရီးယား စစ်တပ် က အရာရှိ တစ်ဦး ဘက်ပြောင်း ခိုလှုံ

ဓာတ်ပုံ မူပိုင် Getty
Image caption မြောက်ကိုရီးယား အဆင့်မြင့် စစ်အရာရှိတဦး တောင်ကိုရီးယားနိုင်ငံမှာ ဘက်ပြောင်း ခိုလှုံ

မြောက်ကိုရီးယား အဆင့်မြင့် စစ်အရာရှိတဦး တောင်ကိုရီးယားနိုင်ငံမှာ ဘက်ပြောင်း ခိုလှုံလာတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

သောကြာနေ့တုန်းကလည်း ပြည်ပမှာ ရှိတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်တဆိုင်က ဝန်ထမ်းအတော်များများ ဘက်ပြောင်းခိုလှုံခဲ့ပါတယ်။

အခု စစ်အရာရှိ ဘက်ပြောင်း ခိုလှုံလာတာနဲ့ ပတ်သက်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ကိုရီးယား ပြည်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဂျီယောန် ဂျွန်ဟီးက သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု ပြောခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ် အပါအဝင် သတင်းအချက်အလက် အသေးစိတ်ကိုတော့ ထုတ်ဖော် မပြောပါဘူး။

သြဇာအာဏာ ကြီးမားတဲ့ မြောက်ကိုရီးယားအစိုးရ အဖွဲ့တွင်းက ဒီလို အဆင့်မြင့် ပုဂ္ဂိုလ်တဦး ဘက်ပြောင်းခိုလှုံလာတာဟာ ထူးခြားတဲ့ ဖြစ်ရပ်လို့ ယူဆကြောင်း တောင်ကိုရီးယားနိုင်ငံရဲ့ ကိုရီးယား ပြည်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဂျီယောန် ဂျွန်ဟီးက ပြောပါတယ်။

အခု ဒီ စစ်အရာရှိဟာ တောင်ကိုရီးယားတွေကို သူလျှို ထောက်လှမ်းနေတဲ့ လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေသူလို့ သိရပါတယ်။

မြောက်ကိုရီးယား အစိုးရ အဖွဲ့တွင်း လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်လို့ အဆင့်မြင့် အရာရှိတဦးအနေနဲ့ သူသိထားသမျှတွေဟာ တောင်ကိုရီးယား အစိုးရအတွက်တော့ အတော်လေး တန်ဘိုးရှိမှာ ဖြစ်ပါတယ်။

အခု ဒီစစ်အရာရှိ ဘက်ပြောင်း ခိုလှုံလာတာကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုန်အန်း အစိုးရအဖွဲ့တွင်းက အဆင့်မြင့် ထိပ်တန်း အရာရှိ အတော်များများ အလုပ်ပြုတ်ရင်ပြုတ် တချို့ဆို ကွပ်မျက်ခံရတာတွေ ရှိနေတဲ့အတွက် မြောက်ကိုရီးယား ထိပ်တန်း အဆင့်မြင့် စစ်အရာရှိတွေ ကြောက်ရွံ့ တုန်လှုပ်နေကြတယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

တခါပြည်ပမှာ ရှိတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင် ဝန်ထမ်းတွေ ဘက်ပြောင်း ခိုလှုံခဲ့တဲ့ ကိစ္စဟာလည်း အလားတူ အရေးပါ ထင်ရှားတဲ့ ကိစ္စလို့ ဆိုနိုင်ပါတယ်။

တရုတ်ပြည်မှာ အတော်များများ ရှိတဲ့ အဲဒီ မြောက်ကိုရီးယား စားသောက်ဆိုင်တွေမှာ သွားမစားပဲ သပိတ်မှောက်ကြဖို့ မြောက်ကိုရီးယား အတိုက်အခံတွေက တိုက်တွန်းထားပါတယ်။

တကယ်လို့ ရောင်းမကောင်းဘူး ဆိုရင် ဆိုင်ဝန်ထမ်းတွေ နိုင်ငံကို ငွေပြန်ပို့နိုင်မှာ မဟုတ်တော့တဲ့အတွက် မြောက်ကိုရီးယား အစိုးရအနေနဲ့ မကျေမနပ် ဖြစ်လာလိမ့်မယ်လို့ ဘီဘီစီ သတင်းထောက် Steve Evans က သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ