အသေခံဗုံးခွဲဖို့ ကလေးတွေကို ဘိုကိုဟာရမ် ပိုသုံးလာ

Boko Haram Girls ဓာတ်ပုံ မူပိုင်
Image caption အသေခံ ဗုံးခွဲရာမှာ ၂၀၁၄ ကထက် ကလေး တွေကို ပိုသုံးလာ

နိုင်ဂျီးရီးယား နိုင်ငံရှိ အစ္စလာမ်မစ် ဘိုကိုဟာရမ်အဖွဲ့က ကလေးငယ်တွေကို အသေခံ ဗုံးခွဲသမားတွေ အဖြစ်အသုံးပြုမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း ၁၀ ဆ တိုးလာတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

မနှစ်က ကမ်မရွန်း၊ ချာတ့်နဲ့ နိုင်ဂျီးရီးယား နိုင်ငံတို့မှာ တိုက်ခိုက်မှုတွေ အတွက် ကလေးငယ် ၄၄ ယောက်ကို သုံးခဲ့တာကြောင့် ၂၀၁၄ ခုနှစ်က ကလေး၄ ယောက်ကို သုံးခဲ့တာနဲ့ နှိုင်းယှဉ်ပြီး ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီက ဖော်ပြတာ ဖြစ်ပါတယ်။

အခု အသေခံ ဗုံးခွဲသမား ၅ ယောက်မှာ တစ်ယောက်က ကလေးဖြစ်ပြီး အဲဒီထဲက သုံးပုံ နှစ်ပုံက မိန်းကလေးတွေ ဖြစ်နေတယ်လို့လည်း ကုလ သမဂ္ဂက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ