တောင်ကိုးရီးယား အာဏာရ ပါတီ ရွေးကောက်ပွဲ ရလဒ်

_south_korea_president_ ဓာတ်ပုံ မူပိုင် Reuters
Image caption တောင်ကိုးရီးယား သမ္မတ Park Geun-hye

တောင်ကိုးရီးယား သမ္မတ Park Geun-hye ရဲ့ အာဏာရပါတီ ဟာ အခုရွေးကောက်ပွဲ မှာ အခြေအနေ မလှတာ တွေ့ ရပါတယ်။ ဥပဒေပြု လွှတ်တော် အမတ်ဦးရေ ၃၀၀ အနက် ၂၅၃ ဦး ရွေးကောက် ခံရမှသာ အာဏာရ ပါတီ ဆေနူရီ ပါတီ ဟာ လွှတ်တော်ထဲ မှာ စိုးမိုး နိုင်မှာပါ။ လွှတ်တော် မှာ ဆေနူရီ ပါတီ အင်အားတောင့် မှ မစ္စ Park Geun-hye ဟာ သူ့ရဲ့ သမ္မတ သက်တမ်း မကုန်မီ လာမဲ့ လပေါင်း၂၀ အတွင်းမှာ သူတို့ ပါတီ တင်သွင်း ထားတဲ့ အလုပ်သမား နဲ့ စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု ဥပဒေကြမ်း တွေ အတည်ဖြစ်မှာပါ။

ဒါပေမဲ့ သူ့လက်ထက် မှာ စီးပွားရေး ကိုင်တွယ်ပုံ၊ လူငယ်တွေ အလုပ်လက်မဲ့ ဦးရေ များလာတာတွေ၊ ပြည်ပ ထွက်ကုန် ကျဆင်းမှု အိမ်အသုံးစရိတ် တက်ရာက ကြွေးထူလာမှု စတာတွေ ကြောင့် ပြည်သူတွေ ဘက် က မကျေနပ်တာ တွေ ပေါ်ပေါက်ခဲ့ပါတယ်။

အတိုက်အခံ ပြည်သူ့ပါတီ ရဲ့ ဒုတိယ ဥက္ကဌ အန်ချောင်ဆူး ကတော့ သူတို့ပါတီ အခြေအနေ ကောင်းတာ ကို ပြောရာ မှာ သူတို့ ဘက်ကလည်း အကောင်းဆုံး ကို ပြင်ဆင် ထားတဲ့ အတွက် ပြည်သူတွေ ရဲ့ ဉာဏ်ပညာ အမြော်အမြင် ရှိရှိ ဆုံးဖြတ်ချက် ကို ယုံကြည်ထား တဲ့ အကြောင်း နိုင်ငံရေး သမားတွေ အနေနဲ့ ပြည်သူတွေ ကို အလေးထား လေးစား မှ အကောင်းဆုံး တုံ့ပြန်ချက် ရတတ် ပါတယ် လို့ ပြောသွားတာပါ။

တချို့ မဲဆန္ဒရှင် တွေ ဘက်လည်း အခုအချိန် ဟာ စီးပွားရေး ကို အသားပေးတာ ကောင်းပေမဲ့လည်း မြောက် ကိုးရီးယား ရဲ့ ရန်စမှု ကိုလည်း နိုင်ငံတော် လုံခြုံရေး အရ ထည့်သွင်း စဉ်းစား သင့်ကြောင်း ဝေဖန် သူတွေ လည်း ရှိကြပါတယ်။