ပင်လယ်ရပ်ခြားမှာ ပိုင်ဆိုင်မှု ထားရှိသူတွေရဲ့ သတင်းအချက်အလက်တွေကို မျှဝေ အသိပေးမယ်

_income_tax_return ဓာတ်ပုံ မူပိုင် THINKSTOCK
Image caption စက်မှု ထိပ်သီး နိုင်ငံ ၂၀ ထဲ က ကျန် နိုင်ငံ တွေ လည်း ပူပေါင်း ပါဝင်ကြဖို့ တိုက်တွန်း ထား။

ကုမ္ပဏီ တွေ၊ ငွေကြေး ရံပုံငွေ အဖွဲ့တွေကို လျှို့ဝှက် ထူထောင် ပိုင်ဆိုင် ထားကြသူတွေ နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် တွေ ကို မျှဝေ အသိပေး ကြဖို့ ဥရောပ ရဲ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ နဲ့ စပိန် နိုင်ငံတွေကြား သဘောတူ ခဲ့ကြ ပါတယ်။

နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF နဲ့ ဝါရှင်တန် မြို့မှာ တွေ့ဆုံ ခဲ့ကြအပြီး ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

ဒီ သဘောတူမှု ထဲ စက်မှု ထိပ်သီး နိုင်ငံ ၂၀ ထဲ က ကျန် နိုင်ငံ တွေ လည်း ပူပေါင်း ပါဝင်ကြဖို့ တိုက်တွန်း ထားပါတယ်။

စီးပွားရေး လုပ်ငန်းတွေ နဲ့ သူဌေးသူကြွယ် တွေ အနေနဲ့ အခု သဘောတူမှုကြောင့် အခွန် ရှောင်ဖို့ရာ ပိုခက်ခဲ လာမှာ ဖြစ်တယ် လို့ ဗြိတိသျှ အစိုးရက ပြောပါတယ်။

ပနားမား စာရွက်စာတမ်းတွေ ပေါက်ကြားမှု ဖြစ်ခဲ့ပြီး အခွန်ရှောင်မှု အတိုင်းအတာ ဟာ ကြီးကြီးမားမား ရှိနေတယ် ဆိုတာ ပေါ်ထွက် ခဲ့တဲ့ နောက် အခုလို ဆောင်ရွက် လာကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ